ပြည်သူတွေပို့ပေးတဲ့ အနွေးထည်လေးထဲကနေ စာလေးတစ်စောင်ပါလာတာကိုဖတ်ရင်း ၀မ်းနည်း၀မ်းသာဖြစ်ခဲ့ရတဲ့ PDFရဲဘော်များ

//s9.kh1.co/91/9196453527a7d17c0adcf1b108f1f6ebd4146e33.jpg
နေ့စဉ်သတင်းများ

 ၂၈-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေကြောင့်လူငယ်တော်တော်များများဟာ အာဏာရှင်ကိုတွန်းလှန်နိုင်ဖို့အတွက် လွတ်မြောက်နယ်မြေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပူးပေါင်းပြီး စစ်သင်တန်းတွေတက်ရောက်ကာ အသက်စွန့်ကြိုးစား တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး လွတ်မြောက်နယ်မြေမှာ PDF လူငယ်တွေအနေနဲ့ အခက်အခဲတွေများစွာကို အားတင်းရင်ဆိုင်ကာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေကြတာပါ။

Photo credit-Original Uploader
Photo credit-Original Uploader

PDF ရဲဘော်တွေအနေနဲ့လည်း တောထဲတောင်ထဲတွေမှာ ခက်ခက်ခဲခဲစစ်ပညာသင်ယူနေကြရပြီး လိုအပ်ချက်တွေအများအပြားရှိတာကြောင့် ပြည်သူတွေအနေနဲ့လည်း တတ်နိုင်သရွေ့ကူညီလှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာဖြစ်ပါတယ်။ PDFရဲဘော်တွေအနေနဲ့လည်း ပြည်သူတွေထောက်ပံ့ပေးတဲ့ ရိက္ခာတွေနဲ့ လောက်ငှအောင်စားသောက်ကြပြီး အရေးတော်ပုံကြီးအောင်မြင်ရေးအတွက် ကြိုးစားနေကြတာတွေ့ရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

အခုအခါမှာဆိုရင်လည်း မိုးတွင်းကာလလည်းဖြစ်တဲ့အပြင် ဆောင်းတွင်းရောက်‌လာတော့မှာဖြစ်တာကြောင့် PDF ရဲဘော်လေးတွေအတွက် အနွေးထည်တွေလိုအပ်နေတာပါ။ ဒါ့ကြောင့်ပြည်သူတွေကလည်း လှူဒါန်းပေးကြပြီး အားတက်စေမယ့် စာလေးတွေပါရေးထည့်ပေးကြတာတွေ့ရပါတယ် ။ စာလေးတွေဖတ်ရင်း ရဲဘော်တွေလည်း၀မ်းနည်း၀မ်းသာဖြစ်ကြကာ အားတင်းထားကြောင်းကိုလည်း မကြာသေးမီက PDF ရဲဘော်တစ်ဦးဟာ သူ့ရဲ့Facebook စာမျက်နှာလေးမှာ မျှဝေထားခဲ့ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Unlimit's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T