တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ကြရင်း မိုးမိပြီး တောထဲမှာ ဖျားနာနေကြလို့ ဒုက္ခရောက်နေကြတဲ့ စစ်ဘေးရှောင်ကလေးငယ်များ

//s9.kh1.co/42/42bd46e43d818eb5c72beb001e707ad1a29243ad.jpg
နေ့စဉ်သတင်းများ

 ၂၈-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ကြရင်း မိုးမိပြီး တောထဲမှာ ဖျားနာနေကြလို့ ဒုက္ခရောက်နေကြတဲ့ စစ်ဘေးရှောင်ကလေးငယ်များ

မြန်မာနိုင်ငံရဲ့ နေရာအချို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာ​ကြောင့် ဒေသခံပြည်သူတွေဟာ နေအိမ်တွေကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ ဘေးလွတ်ရာနေရာမှာ တိမ်းရှောင်နေကြတဲ့ ပြည်သူတွေလည်းရှိသလို စစ်ဘေးရှောင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားတဲ့ ပြည်သူတွေလည်း အများအပြားရှိနေကြပါတယ်။ မိုးတွေမကြာခဏ ရွာသွန်းနေတဲ့ မိုးတွင်းကာလကြီးမှာ စစ်ဘေးရှောင်နေရတာကြောင့် စစ်ဘေးရှောင်တွေဟာ အမိုးအကာတွေ၊ ဖျားနာရင် သောက်ဖို့အတွက် ဆေးဝါးပစ္စည်းတွေ လိုအပ်နေကြပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄) KNU/KNLA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘောရပ်ခပ်ရွာက ဒေသခံပြည်သူတွေဟာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။(၂၄.၀၉.၂၀၂၁)နေ့က စတင်ပြီး ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာ စစ်ဘေးရှောင်နေခဲ့တာပဲ ဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူဦးရေ (၁၅၀)ကျော် ရှိကြောင်း သိရှိရပါတယ်။ ထွက်ပြေးတိမ်းရှောင်လာတဲ့ အဆိုပါစစ်ဘေးရှောင်ပြည်သူတွေထဲ ကလေးငယ်(၄၀)ကျော် ပါဝင်ကြောင်း သိရှိရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ယခုမှာတော့ စစ်ဘေးရှောင်ကလေးငယ်(၃၀)ကျော်ဟာ မိုးမိပြီး တောထဲတစ်နေရာမှာ ဖျားနာနေကြကာ ဆေးဝါးမရှိတာကြောင့် ဒုက္ခရောက်နေကြပါတယ်။ အဆိုပါစစ်ဘေးရှောင်ကလေးငယ်လေးတွေဟာ အရေးပေါ်ဆေးဝါးနဲ့ အခြေခံစားစရာတွေ အရေးပေါ်လိုအပ်လျက်ရှိနေ​ကြကြောင်း သိရှိရပါတယ်။ တောထဲတစ်နေရာမှာ အဆင်ပြေသလို နေထိုင်စားသောက်နေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T