မယုံကြည်နိုင်စရာ ကောင်းလှတဲ့ ကွန်ဖူးစွမ်းရည်ကို ပြသခဲ့တဲ့ ရှောင်လင်ဘုန်းကြီး

//s9.kh1.co/3f/3f5c7e430457b296417a9d2796452b905d48315e.jpg
ဗဟုသုတအဖြာဖြာ

 ၂၈-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

တရုတ်ဇာတ်ကားတွေမှာ ဘုန်းတော်ကြီးများဟာ ရှောင်လင်သိုင်းပညာ ပြသတဲ့အခန်းတွေကို ကလေးလူငယ်မရွေး ကြိုက်နှစ်သက်ကြပါတယ်။ သူတို့ရဲ့ သူမတူတဲ့ သိုင်းပညာစွမ်းရည်တွေဟာ တမူထူးခြားပြီး ကမ္ဘာကတောင်လေးစား အသိမှတ်ပြုခဲ့ရတဲ့ အထိတောင် ဖြစ်ပါတယ်။ ခုအခါမှာလည်း ရှောင်လင်ဘုန်းကြီးတစ်ပါးရဲ့ ထူးဆန်းတဲ့ စွမ်းရည်တစ်ခုအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=600,h=338,q=100/14/14c627e40c5c378e356c5fa994bc2b55c543b84a.jpg
https://s9.kh1.co/__image/w=600,h=316,q=100/db/db39c215615c04b14cce04d92366e840c36c4072.jpg

အဆိုပါရှောင်လင်ဘုန်းကြီး Feng Fei ဟာ (၁) ဂရမ်အလေးချိန်ရှိတဲ့ မှန်ချပ်ကို အပ်လေးတစ်ချောင်းတည်းနဲ့ ထုတ်ချင်းဖောက်ထွက်သွားအောင် လုပ်နိုင်တဲ့ ကွန်ဖူးအစွမ်းကို ပြသခဲ့တာပဲ ဖြစ်ပါတယ်။ ရှောင်လင်ဘုန်းကြီး Feng Fei ဟာ အပ်နဲ့မှန်ချပ်ကို ထုတ်ချင်းဖောက် အက်ကွဲသွားအောင် လုပ်ခဲ့ရုံတင်မဟုတ်ပဲ မှန်နောက်မှာထားတဲ့ဘောလုံးကိုပါ ပေါက်သွားအောင် အစွမ်းပြခဲ့တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=901,q=100/b6/b61b9165081c21df6997ce93b1d28ba050d276a5.jpg
https://s9.kh1.co/__image/w=600,h=391,q=100/c1/c1d3aa43b7a2dc5df12a497f071b2a1f800ca4df.jpg

ကွန်ဖူးစွမ်းရည်ပြသတဲ့ အစီအစဉ်ကို “Slow Mo Guys” လို့အမည်ရတဲ့ Gavin Free နဲ့ Daniel Gruchy တို့နှစ်ဦး ပူးပေါင်းပြီးတင်ဆက်ပြသခဲ့တာ ဖြစ်ပါတယ်။ ယခုလိုပြသခဲ့တဲ့ ကွန်ဖူးစွမ်းရည်ဟာ အချိန်အတော်အကြာ လေ့လာသင်ယူခဲ့ရတယ်လို့ သိရပြီး အစီအစဉ်တင်ဆက်တဲ့ သူနှစ်ဦးကတော့ ရှောင်လင်ဘုန်းတော်ကြီးတွေရဲ့ ကွန်ဖူးစွမ်းရည်ကို တအံ့တဩ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

https://s9.kh1.co/__image/w=600,h=337,q=100/6c/6c08a4a1f725700fbb244b4e4a5b0c896f2372c8.jpg
https://s9.kh1.co/__image/w=600,h=665,q=100/09/09a3827c4b24129baffb70c53c117b463e796e5e.jpg

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T