ဖမ်းဆီးခံထားရသော အကျဥ်းသားများ ပြန်လည်လွတ်မြောက်ရေး Quad အုပ်စု တောင်းဆို

//s9.kh1.co/ca/ca2c418bfbd7e49fba44a68caf661ea9a98d13df.jpg
နေ့စဉ်သတင်းများ

 ၂၈-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

အမြန်ဆုံးလွတ်မြောက်ကြပါစေ..... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

အမေရိကန်၊ သြစတြေးလျ၊ ဂျပန်နှင့် အိန္ဒိယ တို့ လေးနိုင်ငံ ပါဝင်တဲ့ အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု (Quad) အုပ်စု ခေါင်း‌ဆောင်များဟာ စက်တင်ဘာ(၂၄)ရက်က တွေ့ဆုံဆွေးနွေးခဲ့ရာ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှု ရပ်ဆိုင်းရေးနှင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများ ပြန်လည်လွတ်မြောက်ရေးအတွက် တောင်းဆိုသွားခဲ့ကြပါတယ်။

Photo Credit From Google
Photo Credit From Google

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ Quad အုပ်စု၏ လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးကြတဲ့ ထိပ်သီးအစည်းအဝေးမှာ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ၊ သြစတြေးလျဝန်ကြီးချုပ် စကော့ မော်ရစ်ဆင် နှင့် ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒဲ ဆုဂါ တို့ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။အဆိုပါ လေးနိုင်ငံရဲ့ ခေါင်းဆောင်များ အစည်းအဝေးတွင် မြန်မာ့အရေးကိစ္စကို ထည့်သွင်း ဆွေးနွေးခဲ့ကြပါတယ်။

Photo Credit From Google
Photo Credit From Google

“မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်စေဖို့ မိမိတို့ဆက်လက်တောင်းဆိုပါတယ်၊နောက်ပြီးနိုင်ငံခြားသား တွေအပါအဝင် ထိန်းသိမ်းခံထားရသူတွေ ပြန်လည်လွတ်မြောက်ဖို့၊ အပြုသဘောဆောင် ဆွေးနွေးမှုတွေမှာ ပါဝင်ကြဖို့နဲ့ ဒီမိုကရေစီ မူလအတိုင်း ပြန်လည်အသက်သွင်းဖို့ကို တောင်းဆိုပါတယ်” ဟု အဆိုပါအုပ်စု ခေါင်းဆောင်များက ပူးတွဲကြေညာချက်တစ်စောင်တွင် ​ထည့်သွင်းပြောကြားခဲ့ပါတယ်။ထို့ပြင် အာဆီယံ ဘုံသဘောတူညီချက် ငါးချက် အမြန်ဆုံး အကောင်အထည် ဖော်ရေးကိုလည်း ခေါင်းဆောင်များက တိုက်တွန်းသွားခဲ့ကြပါသေးတယ်။

Photo Credit From Google
Photo Credit From Google

အာဆီယံ ဘုံသဘောတူညီချက် ငါးချက်တွင် မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ ချက်ချင်း ရပ်ဆိုင်းပြီး အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရေး၊ ပြည်သူများ၏ အကျိုးအတွက် ငြိမ်းချမ်းသော နည်းဖြင့် အဖြေရှာရန် သက်ဆိုင်သူအားလုံးအကြား အပြုသဘောဆောင် ညှိနှိုင်းဆွေးနွေးရေး တို့ ပါဝင်ပါတယ်။အဆိုပါ Quad အုပ်စု ခေါင်းဆောင်များ တွေ့ဆုံမှုတွင် မြန်မာ့အရေး အပြင် မြောက်ကိုရီးယားအရေးနှင့် ဂျပန်ပြန်ပေးဆွဲခံရသူများ ကိစ္စတို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

Photo Credit From Google
Photo Credit From Google
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T