ကျဆုံးခြင်း (၆)လတောင် ပြည့်သွားခဲ့ပြီဖြစ်တဲ့ လားရှိုးမြို့က နွေဦးတော်လှန်ရေး အာဇာနည်သူရဲကောင်း မိုင်းမင်းနောင်၊ စိုင်းလှထွန်း နှင့် ကိုထွန်းတင့်ခိုင်တို့ (၃)ဦး

//s9.kh1.co/76/76af102b578e70db6fa451b6ef68ed1152d9f478.jpg
နေ့စဉ်သတင်းများ

 ၂၈-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ဖေဖော်ဝါရီ (၁)ရက်နေ့ နောက်ပိုင်းကနေစတင်ပြီး ဘက်ပေါင်းစုံက ပြည်သူတွေကတော့ အာဏာရှင်စနစ် ကျဆုံးရေးအတွက် လမ်းမပေါ်တွေမှာ လူထုလှုပ်ရှားမှုတွေကို တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုလူထုလှုပ်ရှာမှုတွေ ပြုလုပ်ရင်း လူတစ်စု လက်အောက်ခံတပ်တွေရဲ့ ပစ်ခတ်ဖြိုခွင်းခံရမှုကြောင့် အာဇာနည်သူရဲကောင်းများစွာ ကျဆုံးသွားခဲ့ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

လူထုလှုပ်ရှားမှုမှာ ကျဆုံးသွားခဲ့ရတဲ့ အာဇာနည် သူရဲကောင်းတွေအတွက်လည်း ပြည်သူတွေက အမှတ်တရလေးတွေနဲ့ ဂုဏ်ပြုပေးကြတာကို တွေ့ရပါတယ်။ စက်တင်ဘာလ (၂၇) ရက်နေ့ကလည်း အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုမှာ ကျဆုံးသူတွေထဲက အသက် (၂၂) နှစ် မိုင်းမင်းနောင်၊ အသက် (၃၁)နှစ် စိုင်းလှထွန်းနဲ့ အသက်(၂၆)နှစ် ကိုထွန်းတင့်ခိုင် တို့ (၃ )ဦးဟာ ကျဆုံးခြင်း (၆) လပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

အဆိုပါ အာဇာနည်(၃)ဟာ မတ်လ (၂၇) ရက်နေ့မှာ လားရှိုးမြို့ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ လူတစ်စုရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးသွားကြတာ ဖြစ်ပါတယ်။ ကျဆုံးသွားတဲ့ အာဇာနည်(၃)ဦးထဲက မိုင်းမင်းနောင်အတွက် ၎င်းရဲ့ ဇာတိဖြစ်တဲ့ နမ့်ဆန်မြို့နယ်ထဲက ရွာလေးမှာ ဒေသခံပြည်သူတွေက နွေဦးတော်လှန်ရေး သူရဲကောင်းဗိမာန်အဖြစ် ပြုလုပ်ပေးထားပါတယ်။ နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားခဲ့တဲ့ အဆိုပါ သူရဲကောင်းတွေကို ကောင်းရာမွန်ရာ ရောက်အောင် ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦး။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T