အရသာအရမ်းရှိပေမယ့်လည်း လူတွေရဲ့အသက်ကိုသေစေနိုင်တဲ့ ငါးမျိုးစိတ်

//s9.kh1.co/41/41057ff84752ff8bcc06b68de3211dc189ead452.jpg
ဗဟုသုတအဖြာဖြာ

 ၂၈-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီငါးလေးတွေကိုတော့ Synanceia လို့ခေါ်ကြပြီး တစ်နည်းအားဖြင့် (Stonefish) ကျောက်တုံးငါးလို့လည်းခေါ်ကြပါတယ်။

ဒီငါးတွေကိုတော့ Red Sea ရဲ့ရေတိမ်ပိုင်းနဲ့ Indo Pacific တို့မှာ အများဆုံးတွေ့နိုင်ပြီး အန္တရာယ်ရှိတဲ့ ငါးမျိုးစိတ်အဖြစ် သတ်မှတ်ခံထားရတဲ့ငါးတွေပဲ ​ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=450,q=100/d7/d72069ce8afb72f70bf34020b7cde0cbef6636c9.jpg

ဒီကျောက်တုံးငါးလေးတွေဟာ သာမန်အားဖြင့် အညိုရောင်နဲ့ မီးခိုရောင်ရှိတတ်ပြီး အဝါရောင် ၊ လိမ္မော်ရောင်နဲ့ အနီရောင်တို့ကိုလည်း တွေ့ရတတ်ပါတယ်။

အန္တရာယ်ရှိရတဲ့အကြောင်းရင်းကတော့ ဒီငါးတွေရဲ့ ကျောပေါ်မှာ အဆိပ်တွေနဲ့ပြည့်နေတဲ့ ဆူးတွေပါရှိနေတာကြောင့်ပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=448,q=100/6c/6c93e6fcce3458316c4b1b63905bb90125e115fd.jpg
https://s9.kh1.co/__image/w=600,h=338,q=100/5f/5ff1d43b703809ae27ba87976e11dc3d38a4bc5d.jpg

အကယ်၍ သူတို့ရဲ့အဆူးကိုဆူးမိပြီဆိုပါက အဆူးခံရတဲ့သူဟာ အဆိပ်တက်ပြီး နာရီပိုင်းအတွင်း သေဆုံးသွားနိုင်ပါတယ်။

ဒါပေမယ့်လည်း ဒီငါးဟာ အရသာရှိတဲ့ငါးမျိုးစိတ်ထဲမှာပါဝင်တာကြောင့် အန္တရာယ်ကိုဂရုမစိုက်ပဲ လူတွေကဖမ်းဆီးကာ စားသောက်နေကြဆဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=337,q=100/2c/2cf5e286848f4546187e561aaa191a98d77ef62f.jpg
https://s9.kh1.co/__image/w=440,h=330,q=100/ef/efd4649c406428a3242b9d5041252921a4f5a912.jpg

သတင်း အရင်းအမြစ်Wikipedia

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T