ထိုင်းအစိုးရက ပြည်သူတွေကို ကိုဗစ်ကာကွယ်ဆေးအခမဲ့ထိုးပေးနေပေမယ့် တစ်ဦးလျှင် ဘတ်ငွေ (၃၀၀) ကောက်ခံနေတဲ့ မသမာသူတချို့ကို ဖမ်းဆီးခဲ့တဲ့ ထိုင်းရဲတပ်ဖွဲ့

//s9.kh1.co/ee/eefaf5d2e7349810371c29637de8a86bf4ad717c.jpeg
နေ့စဉ်သတင်းများ

 ၂၈-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ထိုင်းအစိုးရက ပြည်သူတွေကို ကိုဗစ်ကာကွယ်ဆေးအခမဲ့ထိုးပေးနေပေမယ့် တစ်ဦးလျှင် ဘတ်ငွေ (၃၀၀) ကောက်ခံနေတဲ့ မသမာသူတချို့ကို ဖမ်းဆီးခဲ့တဲ့ ထိုင်းရဲတပ်ဖွဲ့

ထိုင်းနိုင်ငံမှာဆိုရင် ကိုဗစ်ကူးစက်ရောဂါနဲ့ပတ်သက်ပြီး စနစ်တကျကာကွယ်ထိန်းချုပ်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ဒါ့ကြောင့် နိုင်ငံအတွင်းကို နိုင်ငံခြားဧည့်သည်တွေနဲ့ အလုပ်သမားများကို ဝင်ခွင့်ပိတ်ထားခဲ့တာဖြစ်ပါတယ်။ထိုင်းနိုင်ငံတွင်း ဝင်ရောက်ချင်သူများကတော့ အောက်တိုဘာလ (၁)ရက်နေ့မှစတင်ပြီး ကာကွယ်ဆေး (၂)ကြိမ်ထိုးပြီးသူတိုင်း Quarantine (၇) ရက်ဝင်ရမှာဖြစ်ပါတယ်။ကာကွယ်ဆေးမထိုးရသေးသူများက Quarantine (၁၀)ရက်ဝင်ရမယ်လို့ သိရပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ထိုင်းနိုင်ငံအတွင်းမှာနေထိုင်ကြတဲ့ ပြည်သူလူထုကိုလည်း အစိုးရက ကာကွယ်ဆေးထိုးပေးနေတာဖြစ်ပြီးကျောင်းသားအရွယ် ကလေးငယ်တွေကိုလည်း ဆေးထိုးပေးတာဖြစ်ပါတယ်။လက်ရှိမှာတော့ ထိုင်းနိုင်ငံမှာကာကွယ်ဆေးထိုးဖို့အတွက် ပြည်သူတွေဆီကနေပိုက်ဆံယူပြီး စာရင်းသွင်းပေးနေတဲ့သူများ ဖမ်းဆီးခံရတာဖြစ်ပါတယ်။လွန်ခဲ့တဲ့ရက်အနည်းငယ်က ဘန်ဆူးကာကွယ်ဆေးထိုးစင်တာမှ ဆရာဝန်တစ်ဦးက ည (၁၀)နာရီနောက်ပိုင်းတွင် ဆေးထိုးမယ့်စာရင်းတွေကို မသင်္ကာဖွယ်တွေ့ရလို့ ရဲအရာရှိတွေကိုအကြောင်းကြားပြီး  စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အဲ့ဒီလိုစစ်ဆေးရာမှ ကျူးလွန်သူ အမျိုးသား၊အမျိုးသမီး (၇)ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ကျူးလွန်သူတွေကတော့ ဘန်ဆူးကာကွယ်ဆေးစင်တာမှာ အလုပ်လုပ်ခဲ့ဖူးသူတွေနဲ့  မိုလ်ဘိုင်းကုမ္မဏီတစ်ခုမှ ဝန်ထမ်းတွေဖြစ်ပြီးစာရင်းသွင်းပေးခ တစ်ဦးလျင် ဘတ် ၃၀၀ ကောက်ခံခဲ့တာဖြစ်ပါတယ်။လက်ရှိမှာဆိုရင် သူတို့ဆီမှာ ဘတ်ငွေစုစုပေါင်း (၄)သန်းခန့် ရရှိနေပြီဖြစ်ပါတယ်။ထိုင်းအစိုးရကတော့ ပြည်သူတွေအတွက် ကာကွယ်ဆေးအခမဲ့ထိုးပေးနေတာဖြစ်လို့ အခုလိုကျူးလွန်သူများကို ထိထိရောက်ရောက်အရေးယူသွားမယ့်အကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T