LA မှာ လေးရက်တိတိကျင်းပသွားမှာဖြစ်တဲ့ BTS Concert ပွဲကြီး

//s9.kh1.co/96/96219ef50c9315cc9d892a63f4d411a6f1778566.jpg
အနုပညာရှင်များ

 ၂၈-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

army တွေအတွက်တော့ ပျော်စရာကြီးနော်.... (အပြည့််အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

BTS ဆိုတာနဲ့ မိန်းကလေးတွေအသည်းစွဲချစ်ခင်အားပေးကြတဲ့ Kpop Boy Group တစ်ခုဆိုတာ အားလုံးကသိကြပါတယ်။ယခုနောက်ပိုင်းမှာဆိုရင်တော့ သူတို့ရဲ့ သီချင်းသီဆိုဟန်နဲ့ အကတွေကြောင့် မိန်းကလေးတွေသာမက ယောကျာ်းလေးတွေပါ တစ်ခဲနက်အားပေးလာကြပါတယ်။ကိုးရီးယားနိုင်ငံမှာသာမက နိုင်ငံတကာက ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရထားတဲ့ အဖွဲ့ပဲဖြစ်ပါတယ်။

Photo Credit From Borahae BTS Myanmar
Photo Credit From Borahae BTS Myanmar

ယခုပဲ Big hit Entertainment ဘက်က တရားဝင်ကြေငြာချက်တစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်။Big Hit ရဲ့ကြေငြာချက်အရ လူဦးရေ ၇သောင်း အထိ ဆန့်တဲ့ LA က sofi stadium ကြီးမှာ BTS Concert ကို လေးရက်တိတိ ကျင်းပသွားမှာပါလို့ ဆိုလာပါတယ်။နိုဝင်ဘာ(၂၇)၊(၂၈) နှင့် ဒီဇင်ဘာ(၁)၊(၂)ရက်များမှာ ပြုလုပ်သွားမှာဖြစ်ပြီး လာကြည့်ချင်တဲ့ ARMY များအနေနဲ့လည်း Ticket များ စတင်ဝယ်ယူလို့ရကြောင်းကြေငြာခဲ့ပါတယ်။ Concert နာမည်ကတော့ Permission to Dance on Stage လို့ အမည်ရပါတယ်။

Photo Credit From Borahae BTS Myanmar
Photo Credit From Borahae BTS Myanmar
Photo Credit From Borahae BTS Myanmar
Photo Credit From Borahae BTS Myanmar

BTS အဖွဲ့ဟာ (၂၀၁၉)ခုနှစ်တည်းက ARMY များနဲ့အတူ concert ကျင်းပခွင့်များကို ဖျက်သိမ်းခဲ့ရပြီး (၂)နှစ် ကြာမှ ပထမဆုံး အကြိမ် အနေနဲ့ ပြန်ပြီး ကျင်းပတဲ့ Concert ကြီးဖြစ်ပါတယ်။Big Hit ​ရဲ့ပြောကြားပုံအရ Covid အခြေအနေများကြားမှာ မလွယ်ကူမှန်းသိပေမယ့် အခွင့်အရေး ရတာကြောင့် ပြန်လည် စတင်ခဲ့တယ် လို့ဆိုပါတယ်။ နိုင်ငံတကာနဲ့ ဒေသအလိုက် ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များနဲ့အညီ စနစ်တကျ ကျင်းပမှာ ဖြစ်ပြီး လာကြည့်မယ့် ARMY တွေရယ် BTS အဖွဲ့ နဲ့ ဝန်ထမ်းပေါင်းများစွာကိုလည်းဘေးကင်းအောင် စီစဥ်ထားပါတယ် လို့လည်းဆိုပါတယ်။

Photo Credit From Borahae BTS Myanmar
Photo Credit From Borahae BTS Myanmar
Photo Credit From Borahae BTS Myanmar
Photo Credit From Borahae BTS Myanmar
Photo Credit From Borahae BTS Myanmar
Photo Credit From Borahae BTS Myanmar
Photo Credit From Borahae BTS Myanmar
Photo Credit From Borahae BTS Myanmar
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T