လက်နက်ကြီး အနီးကပ်ကျရောက်ပေါက်ကွဲပေမယ့် ထိခိုက်ဒဏ်ရာရရုံသာဖြစ်ခဲ့ကြတဲ့ အံ့ဩဖွယ်ဖြစ်ရပ်တွေကို ပြောပြလာတဲ့PDF လူငယ်လေး

//s9.kh1.co/8f/8f3aa0991710b94c8a1178da7ae5d63e433d5517.jpeg
နေ့စဉ်သတင်းများ

 ၂၈-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

..

စကစတပ်ဖွဲ့နဲ့ PDF လူငယ်တွေကြား တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး တောင်ပေါ်ဒေသတွေအပြင် မြို့ပြနေရာတော်တော်များများလည်း ပေါက်ကွဲမှုတွေ မကြာခဏဖြစ်ပွားနေတာ ဖြစ်ပါတယ်။ D Day ကြေညာပြီးနောက် ခပ်စိပ်စိပ်နဲ့ ပိုမိုပြင်းထန်လာတဲ့ တိုက်ပွဲတွေမှာ အသက်ဆုံးရှုံးမှုတွေရှိနေပေမယ့် ပြည်သူတွေကတော့ အားမလျှော့စတမ်း ကြိုးစားရင်ဆိုင်နေကြတာပါ။ 

Photo Credit - Ye Min's Fb Acc
Photo Credit - Ye Min's Fb Acc
Photo Credit - Ye Min's Fb Acc
Photo Credit - Ye Min's Fb Acc

PDF လူငယ်တွေကတော့ ပြည်သူတွေအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံကာ ကြိုးစားတိုက်ပွဲဝင်နေကြတာ ဖြစ်ပြီး ပြည်သူတွေကလည်း ဘေးကင်းလုံခြုံစေဖို့ကို အမြဲမေတ္တာပို့သဆုတောင်းပေးနေကြတာ ဖြစ်ပါတယ်။ အခုတစ်ခါမှာလည်း ပြည်သူတွေပို့သတဲ့ မေတ္တာတွေကြောင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲပေမယ့် ထိခိုက်ဒဏ်ရာရရုံသာဖြစ်ခဲ့ကြတဲ့ အဖြစ်အပျက်လေးတွေကို PDF လူငယ်လေးတွေက ပြောပြလာပါတယ်။

Photo Credit - Ye Min's Fb Acc
Photo Credit - Ye Min's Fb Acc
Photo Credit - Ye Min's Fb Acc
Photo Credit - Ye Min's Fb Acc

ရှိတာလေးတွေနဲ့ပဲ ဖြစ်အောင်ကြိုးစားတိုက်ပွဲဝင်ကာ တစ်ဖက်ရန်သူရဲ့ လက်နက်ကြီးကြောင့် အလုံးကြီး အနီးကပ်ကျရောက်ပေါက်ကွဲပေမယ့် လူငယ်ရဲဘော်သုံးဦး ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ) အခြေအနေတွေသာဖြစ်ခဲ့ပြီး ဆေးကုသမှုခံယူခဲ့ကြရပါတယ်။ ပြည်သူ့တွေပို့သတဲ့မေတ္တာတွေကြောင့် ထိခိုက်ဒဏ်ရာရရုံသာ ဖြစ်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော်တွေရဲ့ ဒဏ်ရာအခြေအနေတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်နော်။ 

Photo Credit - Ye Min's Fb Acc
Photo Credit - Ye Min's Fb Acc
Photo Credit - Ye Min's Fb Acc
Photo Credit - Ye Min's Fb Acc

သတင်း အရင်းအမြစ်Ye Min's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T