ချင်းပြည်နယ်က ပြည်သူတွေအတွက် စုပေါင်းအလှူငွေကောက်ခံပေးကြတဲ့ ဂျပန်ရောက်မြန်မာပြည်သူများ

//s9.kh1.co/ca/cac155c7893c6ba841592e200c0eeda9049e4bd1.jpg
နေ့စဉ်သတင်းများ

 ၂၈-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

စိတ်ဓာတ်တွေက လေးစားဖို့ကောင်းလိုက်တာ .....

၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ(၁)ရက်နေ့မှာ မြန်မာနိုင်ငံဟာ စစ်ကောင်စီရဲ့ အာဏာထိန်းချုပ်တာကိုခံလိုက်ပြီး (၈) လအကြာမှာ ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံ နေရာအနှံအပြားမှာ တိုက်ပွဲတွေလဲ ဖြစ်နေခဲ့ပါတယ်။ ချင်းပြည်နယ်ရဲ့ နေရာတော်တော်များများမှာ စစ်ကောင်စီတပ်တွေနဲ့ မြို့ခံပြည်သူ့ကာကွယ်တပ်တွေအကြား တိုက်ပွဲများဖြစ်ပွားခဲ့တာဟာ ယခုဆိုရင် ၄လကျော်ကြာလာခဲ့ပြီဖြစ်ပါတယ်။

ယင်းတိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေခဲ့ရသလို တချို့ဆိုရင် အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့တာကိုလည်း တွေ့ရပါတယ်။ စစ်ကောင်စီနဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေက အဆင်မပြေမှု များစွာကို ရင်ဆိုင်နေရပါတယ်။

Photo Credit : Cele Burma
Photo Credit : Cele Burma

လတ်တလောမှာလည်း နေရာတချို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် စစ်ရှောင်စခန်းတွေမှာ တစ်နေ့တခြား လာရောက်ခိုလှုံတဲ့ ပြည်သူတွေများလာတာတွေ့ရပါတယ်။ ယင်းစစ်ရှောင်စခန်းတွေထဲမှာ သက်ကြီးရွယ်အိုတွေအပြင် ကလေးသူငယ်များလည်း အများဆုံးပါဝင် ကြသလို ခက်ခက်ခဲခဲ ဖြစ်သလိုနေထိုင်စားသောက်နေရတာ တွေ့ရပါတယ်။

Photo Credit : Khonumthung Media Group
Photo Credit : Khonumthung Media Group

စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကို ခံနေရတဲ့ ချင်းပြည်နယ်က ပြည်သူတွေအတွက် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ ပူးပေါင်းပြီး စက်တင်ဘာ (၂၅) နဲ့ (၂၆) ရက်နေ့တွေမှာ Tokyu Toyoko Line , Jiyugaoka Station တွေမှာ စုပေါင်း အလှူငွေကောက်ခံခဲ့ကြပါတယ်။

Photo Credit :  Htet Thura Hlaing
Photo Credit : Htet Thura Hlaing
Photo Credit :  Htet Thura Hlaing
Photo Credit : Htet Thura Hlaing
Photo Credit :  Htet Thura Hlaing
Photo Credit : Htet Thura Hlaing

ချင်းပြည်နယ်အတွက် အလှူငွေအားလုံးကို Chin Community of Japan ညီအစ်ကိုမောင်နှမတွေက Myanmar Global Support Foundation ကိုလွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

Photo Credit :  Htet Thura Hlaing
Photo Credit : Htet Thura Hlaing
Photo Credit :  Htet Thura Hlaing
Photo Credit : Htet Thura Hlaing

Source : Original Uploader 

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T