လူထိခိုက်မှုမရှိခဲ့ပေမယ့် နေအိမ် (၃) လုံးပျက်စီးပြီး (၄)လုံး အရေးပေါ် ပြောင်းရွှေ့ခဲ့ရတဲ့ တီးတိန်မြို့နယ်က ဆိုးဆိုးဝါးဝါး တောင်ကမ်းပါးပြိုကျမှု

//s9.kh1.co/53/530f02f7341ccbe744ea9a2e541a0e4011a7f992.jpg
နေ့စဉ်သတင်းများ

 ၂၈-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ယခုနှစ်ကာလအတွင်း မြန်မာနိုင်ငံ နေရာတချို့တွေမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေတဲ့အပြင် တောင်ကမ်းပါး ပြိုကျမှုတွေပါ ပိုမိုဖြစ်ပွားလာတာတွေ့ရပါတယ်။ ဒီလို တောင်ကမ်းပါး ပြိုကျမှုတွေမှာ နေအိမ်များပိမိပြီး လူသေဆုံးတာတွေလည်း ရှိလာခဲ့ပါတယ်။ စက်တင်ဘာ (၂၇) ရက် ယမန်နေ့ နံနက်ပိုင်းကလည်း ချင်းပြည်နယ် ၊ တီးတိန်မြို့နယ် ၊ ဆိုဇန်ကျေးရွာမှာ တောင်ကမ်းပါးပြိုကျခဲ့တယ်လို့ ကြားသိရပါတယ်။

Photo Credit - Huailek
Photo Credit - Huailek
Photo Credit - Huailek
Photo Credit - Huailek
Photo Credit - Huailek
Photo Credit - Huailek
Photo Credit - Huailek
Photo Credit - Huailek

အဆိုပါ တောင်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် (၃) လုံးပျက်စီးပြီး (၄)လုံးရွှေ့ပြောင်းထားခဲ့ရပါတယ်။ ယင်းဖြစ်စဥ်မှာ မြေများပိမိပြီး လူနေအိမ်များ ပျက်စီးသွားခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာမရရှိခဲ့ဘူးလို့ သိရပါတယ်။ ဒါ့အပြင် ကလေးမှ ဆိုဇန်ရွာသို့ မရောက်ခင် တောင်စောင်းလမ်း တစ်နေရာမှာလည်း ပေ (၂၀၀)ခန့် တောင်ကမ်းပါးပြိုထားတာကြောင့် ကားများ သွားလာမှုခက်ခဲနေခဲ့ပါတယ်။

Photo Credit - Huailek
Photo Credit - Huailek
Photo Credit - Huailek
Photo Credit - Huailek
Photo Credit - Huailek
Photo Credit - Huailek

လက်ရှိမှာတော့ တောင်ကမ်းပါးများ ပြိုကျတဲ့ နေရာတွေကို ကယ်ဆယ်အဖွဲ့များက ရှင်းလင်းမှုတွေ ပြုလုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။ ဆိုဇန်ကျေးရွာဟာ ကလေး-တီးတိန်လမ်းမပေါ်မှာ တည်ရှိပြီး ကလေးမှ (၄၄) မိုင် တီးတိန်မှ (၁၃) မိုင်ဝေးကွာသလို ယခုလိုမိုးရာသီမှာ ချင်းတောင်ပန်းသီးများ အမြောက်အများ ထွက်ရှိတဲ့ ကျေးရွာလေးဖြစ်ကြောင်း ကြားသိရပါတယ်။

Photo Credit - Huailek
Photo Credit - Huailek
Photo Credit - Huailek
Photo Credit - Huailek
Photo Credit - Huailek
Photo Credit - Huailek
Photo Credit - Huailek
Photo Credit - Huailek

Source - Huailek

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T