အောင်ပွဲတွေနဲ့အတူ အိမ်ကိုတကယ်ပြန်ချင်တာကြောင့် ပြည်သူတွေကို တောင်းတောင်းပန်ပန်နဲ့ မေတ္တာရပ်ခံလာတဲ့ ထားထက်ထက်

//s9.kh1.co/55/559b333904383282752f5a6aba47a9154a2d69bc.jpg
အနုပညာရှင်များ

 ၂၈-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

အောင်ပွဲတွေနဲ့အတူ အိမ်ကိုတကယ်ပြန်ချင်တာကြောင့် ပြည်သူတွေကို တောင်းတောင်းပန်ပန်နဲ့ မေတ္တာရပ်ခံလာတဲ့ ထားထက်ထက်

နွေဦးတော်လှန်ရေးမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်နေတဲ့ ထားထက်ထက်ကတော့ သူမလုပ်နိုင်တဲ့ ဝန်ကိုထမ်းပြီး တတ်နိုင်သလောက် တာဝန်ကျေပွန်နေတာ ဖြစ်ပါတယ် ။ ထားထက်ထက်က ဆန္ဒပြပွဲတွေစတင်စဥ်ကာလကတည်းက ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ် ။ အခုချိန်မှာတော့ ထားထက်ထက်က လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိနေတာ ဖြစ်ပါတယ် ။

Photo Credit-Htar Htet Htet's FB Page
Photo Credit-Htar Htet Htet's FB Page
Photo Credit-Htar Htet Htet's FB Page
Photo Credit-Htar Htet Htet's FB Page

အခက်အခဲတွေကြားမှာ ရှင်သန်နေထိုင်နေတဲ့ ထားထက်ထက်က အခုတော့ ပြည်သူလူထုကို အနူးအညွတ် မေတ္တာရပ်ခံလာခဲ့တာ ဖြစ်ပါတယ် ။ ထားထက်ထက်က ရည်မှန်းချက်တူသူ အချင်းချင်း၊ ပြန်တွေ့ကြဖို့ မသေချာသူတွေ အချင်းချင်းတိုက်ခိုက်နေတာမျိုးတွေ မပြုလုပ်ကြဖို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ် ။ အပြစ်မဲ့ပြည်သူတွေ ဖမ်းဆီးနှိပ်စက်ခံရပြီး အသက်တွေဆုံးရှုံးနေရတာကို မြင်ပါလျှက်နဲ့ အချင်းချင်း မတိုက်ခိုက်ဖို့ ထားထက်ထက်က ပြောဆိုထားတာ ဖြစ်ပါတယ် ။

Photo Credit-Htar Htet Htet's FB Page
Photo Credit-Htar Htet Htet's FB Page
Photo Credit-Htar Htet Htet's FB Page
Photo Credit-Htar Htet Htet's FB Page
Photo Credit-Htar Htet Htet's FB Page
Photo Credit-Htar Htet Htet's FB Page

တောထဲကိုရောက်နေတဲ့ သူမတို့အနေနဲ့ဆိုရင်လည်း အိမ်နဲ့ ချစ်ရတဲ့သူတွေကို လွမ်းနေရတာကြောင့် အခွင့်အရေးရရင် အိပ်ပြန်ချင်တယ်ဆိုပြီး ပြောထားပါသေးတယ်။ ဒါကြောင့် "ကျည်လွတ်မြေက ကူနေတဲ့သူတွေကို မုဒိတာထားကြမယ်လေ…အန္တရာယ်ကြားက တိုက်ပွဲဝင်နေသူတွေကို မေတ္တာပို့ကြမယ်လေ... အိမ်ပြန်မရောက်နိုင်တော့တဲ့ ရဲဘော်မိသားစုတွေကို ကရုဏာပြကြမယ်လေ... နောက်ဆုံး အာဏာရှင်တော်လှန်ရေးမှာပါဝင်နေသူ အချင်းချင်းမလို့ သိပ်အမြင်ကပ်နေရင်တောင် ဥပေက္ခာပြုပေးလိုက်ကြမယ်လေ..."ဆိုပြီး ထားထက်ထက်က ပြောထားတာ ဖြစ်ပါတယ် ။ အောင်ပွဲတွေနဲ့အတူ အိမ်ကိုတကယ်ပြန်ချင်တာကြောင့် တော်လှန်ရေးကာလလေးပဲဖြစ်ဖြစ် စည်းလုံးညီညွတ်ကြဖို့ တောင်းပန်ထားတာ ဖြစ်ပါတယ် ။

Source & Photo Credit-Htar Htet Htet's FB Page

Photo Credit-Htar Htet Htet's FB Page
Photo Credit-Htar Htet Htet's FB Page
Photo Credit-Htar Htet Htet's FB Page
Photo Credit-Htar Htet Htet's FB Page
Photo Credit-Htar Htet Htet's FB Page
Photo Credit-Htar Htet Htet's FB Page
Photo Credit-Htar Htet Htet's FB Page
Photo Credit-Htar Htet Htet's FB Page
Photo Credit-Htar Htet Htet's FB Page
Photo Credit-Htar Htet Htet's FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T