ချစ်ရတဲ့ အဒေါ်ဖြစ်သူ ဒေါ်မြင့်မြင်ခင်ရဲ့ မွေးနေ့လေးကို အမှတ်တရ ပုံရိပ်တွေနဲ့ အတူ ဆုမွန်ကောင်းတောင်းပေးလာတဲ့ ခိုင်နှင်းဝေ

//s9.kh1.co/38/3893fd374b66e5cfa854ba884681e139ca7a296d.jpeg
အနုပညာရှင်များ

 ၂၈-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.....

သရုပ်ဆောင်ခိုင်နှင်းဝေကတော့ အနုပညာပိုင်းမှာ အောင်မြင်နေသလို မိဘမဲ့ကလေးငယ်လေးတွေ အတွက်လည်း မှီခိုအားထားရာတစ်ခုအဖြစ် ရပ်တည်ပေးနေသူလည်း ဖြစ်ပါတယ် ။ လှူဒါန်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ ခိုင်နှင်းဝေကတော့ အခုလိုကပ်ရောဂါနဲ့ နိုင်ငံရေးမတည်ငြိမ်တဲ့ အခြေအနေတွေမှာလည်း အစစရာရာခက်ခဲပင်ပန်းနေကြတဲ့ ပြည်သူတွေကိုတတ်နိုင်သလောက် ကူညီနေတာ တွေ့ရပါတယ် ။

Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 

နေ့စဉ်နဲ့အမျှ ပြည်သူတွေအတွက် လှူဒါန်းနေကာ စားဝတ်နေရေးခက်ခဲနေသူတွေကိုလည်း အလှူငွေတွေအပြင် စားသောက်ကုန်ကို လိုက်လံပေးဝေလှူဒါန်းနေတာ ဖြစ်ပါတယ် ။ (၇) ရက်သားသမီး အလှူရှင်တွေကလည်း သူမရဲ့ အသင်းကို အလှူငွေများ တတ်နိုင်သလောက် လှူဒါန်းထောက်ပံ့ကာ ကူညီပေးလျက်ရှိတာကိုတွေ့ရပါတယ် ။

Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 
Photo Credit : Khine Hnin Wai Facebook Page 

သူမရဲ့ အလှူ မှတ်တမ်းတွေနဲ့ လှုပ်ရှားမှု ပုံရိပ်တွေကိုလည်း လူမှုကွန်ရက် စာမျက်နှာ ထက်မှာ အမြဲဖော်ပြလေ့ရှိပါတယ် ။ ဒီနေ့မှာတော့ ချစ်ရတဲ့ အဒေါ်ဖြစ်သူ မြင့်မြင့်ခင်ရဲ့ မွေးနေ့မှာ အမှတ်တရပုံရိပ်လေးတွေနဲ့ အတူ " Happy Birthday ကြီးတော်ကြီး.. မိခင်ရင်း ကဲ့သို့ ချစ်ရပါတဲ့ ကျမရဲ့ ဒုတိယ မေမေ မေကြူ ..ချစ်တဲ့မိသားစုနဲ့  နှစ်ပေါင်းများစွာ  သက်ရှည်အနာမဲ့ ကျန်းမာစွာနေထိုင်နိုင်ပါစေ.." ဆိုတဲ့ ဆုတောင်းစကားလေးကို ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးရင်း အန်တီ မြင့်မြင့်ခင်လည်း မွေးနေ့မှာ ပျော်ရွှင်ပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Source & Photo Credit : Khine Hnin Wai Facebook Page 
Source & Photo Credit : Khine Hnin Wai Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T