၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအထိ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖြစ် ဆက်လက်အသိအမှတ်ပြုထား

//s9.kh1.co/c2/c2c4574f7c286d62c2f3c5b36611cab4f6ffa582.jpg
နေ့စဉ်သတင်းများ

 ၂၈-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ဓမ္မနဲ့ အဓမ္မ ယှဉ်လာရင် ဓမ္မက အားသာမယ် .........

ကုလသမဂ္ဂအဖွဲ့က မြန်မာကိုယ်စားလှယ်နေရာကို စစ်ကောင်စီဘက်က အကြိမ်ကြိမ်ဖယ်ရှားဖို့ ကြိုးစားပေမယ့် လက်ရှိသံအမတ်ကြီး ဦးကျော်မိုးထွန်းပဲ နောက်ထပ် တစ်နှစ်ဆက်လက်ကိုယ်စားပြုခွင့်ရရှိမယ်လို့ သိရပါတယ်။

NUG အမျိုးသားညီညွတ်ရေးအစိုးရက လက်ခံထားတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ ဆက်ရှိနေမှာဖြစ်ပါတယ်။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

စက်တင်ဘာလ (၂၇) ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာတော့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားဖို့ မရှိပါဘူး။ ဒါပေမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံက တစ်နှစ်ပတ်လုံး လုပ်တာဖြစ်တဲ့အတွက် ဒီတစ်ခေါက်မှာ မပြောဖြစ်ပေမယ့်လည်း ပြောခွင့်ရတဲ့ အနေအထားမျိုးရရင် ပြည်သူ့အသံ၊ ပြည်သူတွေရဲ့ ဆန္ဒကို နိုင်ငံတကာ အသိုင်းအဝိုင်းကိုပြောကြားပေးမယ်လို့ သိရပါတယ်။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

လောလောဆယ် အထွေထွေညီလာခံမှာ မိန့်ခွန်းပြောဖို့ မဖြစ်နိုင်ပေမယ့် အခုအခြေအနေဟာ သံတမန်ဆက်ဆံရေး စစ်မျက်နှာမှာ အမျိုးသားညီညွှတ်ရေးအစိုးရ NUG အနေနဲ့ အောင်မြင်တဲ့ ခြေလှမ်းတစ်ခု ရရှိလာတာလို့ ယူဆပါတယ်၊ မြန်မာ ပြည်သူပြည်သားတွေအတွက် အကောင်းဆုံးဖြစ်နိုင်မယ့် အနေအထားမျိုး ရှိမယ်လို့လည်းမျှော်လင့်ပါတယ်။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

Source : Original Uploader

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T