ဖယ်ခုံ PDF တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ပြီး အထိခိုက်မရှိဘဲ ဘေးအန္တရယ်ကင်းစွာ နောက်တန်းကို ပြန်လာကြတဲ့ KNDF ရဲဘော်တွေရဲ့ ရုပ်သံဖိုင်

//s9.kh1.co/d0/d0bc2704d53a012e56a96dee4326add3c915fcb5.jpg
နေ့စဉ်သတင်းများ

 ၂၈-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ကယားပြည်နယ်အတွင်းမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ လူတစ်စုတပ်တွေအကြား တစ်ကျော့ပြန် ထိတွေ့တိုက်ပွဲတွေ ပြင်ထန်လျက်ရှိလာတာ တွေ့ရပါတယ်။ လူတစ်စုရဲ့ တပ်တွေကလည်း အင်အားအလုံးအရင်းနဲ့ ဒီးမော့ဆို ၊ မိုးဗြဲ စတဲ့ မြို့နယ်တွေကို ပိုမိုထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။ ယင်းတိုက်ပွဲတွေမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF / KNDF တို့က လက်နက်အင်အားမမျှပေမယ့် စိတ်ဓာတ်ပြင်းပြစွာ အကောင်းဆုံး ခုခံတိုက်ခိုက်နေကြတာ တွေ့ရပါတယ်။

Photo Credit - KNDF
Photo Credit - KNDF
Photo Credit - KNDF
Photo Credit - KNDF

စက်တင်ဘာ (၂၇) ရက် ည​နေ ပိုင်းလောက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအနီးမှာ ဖယ်ခုံ PDF တွေနဲ့ အတူ KNDF က သွားရောက် ပူးပေါင်းကာ ဒီးမော့ဆိုမြို့ဘက်သို့ စစ်ကြောင်းချီလာတဲ့ လူတစ်စုရဲ့ ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ရာကနေ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရပါတယ်။ ယင်းတိုက်ပွဲမှာ KNDF / ဖယ်ခုံ PDF တို့ဘက်က အကျအဆုံး မရှိခဲ့ပေမယ့် ပြည်သူ့တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကြားသိရပါတယ်။

Photo Credit - KNDF
Photo Credit - KNDF
Photo Credit - KNDF
Photo Credit - KNDF

KNDF တပ်ဖွဲ့ကတော့ ဖယ်ခုံ PDF တွေနဲ့ တိုက်ပွဲဝင်ပြီး အောင်ပွဲခံလာတဲ့ ရဲဘော်တွေရဲ့ မြင်ကွင်းတချို့ကို ဖော်ပြလာခဲ့ပါတယ်။ KNDF တပ်သားများဟာ ရှေ့တန်းမှာ ရဲရဲရင့်ရင့်နဲ့ တိုက်ပွဲဝင်ခဲ့ပြီးနောက် အထိခိုက်မရှိ ဘေးအန္တရယ်ကင်းရှင်းစွာ နောက်တန်းကို ပြန်လာကြတာ ဖြစ်ပါတယ်။တိုက်ပွဲကနေ အောင်ပွဲခံပြီး ပြန်လာခဲ့ကြတဲ့ KNDF ရဲဘော်တွေရဲ့ ရုပ်သံဖိုင်ကို ပြန်လည်ကြည့်ရှုလို့ရအောင် တင်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - KNDF

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T