တိုက်ပွဲပြင်းထန်နေစဉ်အတွင်း အဆက်သွယ်ပြတ်သွားခဲ့ပြီး သည်းထိတ်ရင်ဖိုဖြစ်ရပ်တွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ ဒီမော့ဆို PDF နှစ်ဦးရဲ့အတွေ့အကြုံ

//s9.kh1.co/b8/b8ef74db5c73b7d8fd45055c18d4a7c708690658.png
နေ့စဉ်သတင်းများ

 ၂၇-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

တစ်ဖက်နဲ့တစ်ဖက်လုံးဝအလျော့မပေးဘဲ တိုက်ပွဲပြင်းထန်နေတဲ့အချိန်ဟာ အတော်လေးကို ဆိုးဝါးတဲ့ အခြေအနေပါပဲ။ ဒီမော့ဆိုမြို့မှာ အကြမ်းဖက်လက်နက်ကိုင်တွေနဲ့ PDF တပ်သားတွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် PDF တပ်သားနှစ်ဦးဟာ ပြင်းထန်လွန်းတဲ့တိုက်ပွဲတွေကြားမှာ အဖွဲ့နဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီးနောက် အဖွဲ့ဝင်တွေဟာလည်း အတော်လေးကိုစိုးရိမ်ပူပန်နေခဲ့ကြ ပါတယ်။ ကံကောင်းထောက်မစွာနဲ့ ပျောက်ဆုံးသွားသူနှစ်ဦးဆုံး စခန်းကိုဘေးမသီရန်မခဘဲ ပြန်လာနိုင်ကြ ပါတယ်။

Photo Credit - ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုမြို့နယ်'s FB Acc
Photo Credit - ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုမြို့နယ်'s FB Acc

ပြန်လာတဲ့လမ်းမှာလည်း အကြမ်းဖက်လက်နက်ကိုင်တွေရဲ့ရန်ကို ရှောင်ရှားနိုင်အောင် အမျိုးမျိုး ရုန်းကန်ခဲ့ရပြီး ကိုယ့်စခန်းကို အရောက်ပြန်လာနိုင်ခဲ့ကြတာပါ။ မိသွားခဲ့ရင် နှစ်ယောက်လုံး ရှင်သန်နိုင်ဖို့ဆိုတာ ဘယ်လိုမှကိုမဖြစ်နိုင်ပါဘူး။ ကံရော ဉာဏ်ပါကောင်းလွန်းလို့ ကိုယ့်စခန်းကို အကောင်းအတိုင်းပြန်လာနိုင်တာကြောင့်လည်း တပ်ဖွဲ့ဝင်တွေက ဝမ်းသာအားရနဲ့ တပ်သားတွေ ဘေးကင်းကြောင်း လူမှုကွန်ယက်မှာ ပြောပြလာခဲ့ပါတယ်။

Photo Credit - ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုမြို့နယ်'s FB Acc
Photo Credit - ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုမြို့နယ်'s FB Acc

ပြည်သူတွေဟာလည်း အခုလိုပြင်းထန်လွန်းတဲ့တိုက်ပွဲတွေကြားမှာ ဘေးလွတ်အောင် ရှောင်ပုန်းပြီး ကိုယ့်စခန်းကိုအရောက်ပြန်လာနိုင်တဲ့တပ်သားလေးတွေအတွက် ဆုတောင်းစကားနဲ့ ဝမ်းသာစကား မှတ်ချက်တွေပေးခဲ့ကြပါတယ်။ အန္တရာယ်တွေကြားထဲက စခန်းကို အရောက်ပြန်နိုင်ခဲ့တဲ့ တပ်သားလေး နှစ်ယောက်ဟာလည်း အတော်လေးကို ကံကောင်းသူတွေပါ။ ပြင်းထန်လွန်းတဲ့တိုက်ပွဲတွေ အမြန်အဆုံးသတ်ပြီး အရင်လိုပျော်ရွှင်လွတ်လပ်တဲ့ မြန်မာပြည်ကြီး ဖြစ်စေဖို့ ပြည်သူအားလုံး မျှော်လင့်နေကြပါတယ်။

Photo Credit - ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုမြို့နယ်'s FB Acc
Photo Credit - ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုမြို့နယ်'s FB Acc

သတင်း အရင်းအမြစ်ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုမြို့နယ်'s FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T