မျက်စိမမြင်တဲ့သားလေးအတွက် ဂစ်တာဝယ်ပေးချင်တဲ့ မိခင်ကို ထင်မှတ်မထားတဲ့လုပ်ရပ်တစ်ခုနဲ့ ဂုဏ်ပြုလိုက်တဲ့ ဂစ်တာဆိုင်ပိုင်ရှင်

//s9.kh1.co/20/20214217cb487820037fe381b7ab6a55d6d12a2d.png
နေ့စဉ်သတင်းများ

 ၂၇-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

မိဘတိုင်းဟာ ကိုယ့်သားသမီးရဲ့အပြုံးကိုမြင်ချင်ပြီး သားသမီးပျော်ရွှင်အောင်ဖန်တီးပေးချင်တဲ့စိတ်မျိုး ရှိကြပါတယ်။ ဒီနေ့မှာလည်း ဂစ်တာရောင်းသူတစ်ယောက်ဟာ သူ့ဆိုင်မှာတွေ့ကြုံခဲ့တဲ့ အဖြစ်အပျက် တစ်ခုကို အားလုံးသိရအောင်ပြန်လည်ဝေမျှခဲ့ပါတယ်။ ဈေးရောင်းနေတဲ့ မိခင်တစ်ယောက်ဟာ မျက်စိမမြင်တဲ့သူမသားလေးရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးချင်တဲ့စိတ်ကြောင့် ဂစ်တာဆိုင်ထဲကိုဝင်လာခဲ့ပြီး သားလေးအတွက်ဂစ်တာတစ်လုံးဝယ်ပေးဖို့စိတ်ကူးခဲ့ပါတယ်။ ဆိုင်မှာဈေးအနည်းဆုံးဂစ်တာဟာ (၃၅၀၀၀) ဝန်းကျင်ရှိခဲ့တာကြောင့် သူမလက်ထဲမှာကိုင်ထားတဲ့ ငွေနဲ့ဝယ်ဖို့မလောက်ငနိုင်ပါဘူး။

Photo Credit - Linn Moe's FB Acc
Photo Credit - Linn Moe's FB Acc

ဒီအချိန်မှာတော့ သူမလက်ထဲမှာပါလာတဲ့ငွေငါးထောင်ကို ဆိုင်ရှင်ဖြစ်သူကိုပေးပြီး နေ့တိုင်း ဈေးရောင်းရတဲ့ငွေလေးနဲ့ (၃၅၀၀၀) ပြည့်အောင်သွင်းပေးမှာဖြစ်ကြောင်းနဲ့ သတ်မှတ်ထားတဲ့ ငွေပြည့်သွားရင်တော့ သူမရဲ့သားလေးအတွက်ဂစ်တာလေးပေးနိုင်ဖို့ သားလေးကိုင်ထားတဲ့ ဂစ်တာအပြာလေးကိုချန်ထားပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ ဆိုင်ရှင်ဖြစ်သူဟာလည်း မိခင်ရဲ့ စကားကြောင့်အတော်လေးစိတ်မကောင်းဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။

Photo Credit - Linn Moe's FB Acc
Photo Credit - Linn Moe's FB Acc
Photo Credit - Linn Moe's FB Acc
Photo Credit - Linn Moe's FB Acc

ငွေကြေးတွေအများကြီးမချမ်းသာပေမယ့် သူမရဲ့သားလေးကိုတော့ စိတ်ချမ်းသာအောင် ဖြည့်ဆည်းပေးချင်တဲ့မိခင်ရဲ့မေတ္တာကတော့ အတော်လေးကိုကြီးမားပါတယ်။ ကလေးကတော့ မျက်စိမမြင်တဲ့အတွက် မိခင်ရဲ့ပူပန်မှုကို မမြင်တွေ့ဘဲ သူလိုချင်တဲ့ဂစ်တာလေးကိုကိုင်ပြီး ပျော်ပျော်ရွှင်ရွှင်တီးခတ်နေခဲ့တယ်လို့လည်းဆိုပါတယ်။ နောက်ဆုံးမှာတော့ ဆိုင်ရှင်ဖြစ်သူဟာ ငွေငါးထောင်နဲ့ပဲ ဒီဂစ်တာလေးကိုရောင်းချလိုက်တဲ့အကြောင်း အားလုံးကိုပြောပြလာခဲ့ပါတယ်။ စာဖတ်သူတွေဟာလည်း ဆိုင်ရှင်ရဲ့မေတ္တာစေတနာကို အသိအမှတ်ပြုပြီး ဝယ်သွားတဲ့ သားအမိကိုယ်စား ကျေးဇူးတင်စကားတွေပြောခဲ့ကြပါတယ်။

Photo Credit - Linn Moe's FB Acc
Photo Credit - Linn Moe's FB Acc

သတင်း အရင်းအမြစ်Linn Moe's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T