မွေးနေ့အလှူအဖြစ် လှူဒါန်းမှုတွေပြုလုပ်ပြီး မိသားစုလိုက် ကောင်းမှုကုသိုလ်တွေပြုလုပ်ခဲ့တဲ့ ခိုင်သင်းကြည်

//s9.kh1.co/5f/5f26b45a6e4386447bd21825525f547f0c58087f.jpeg
အနုပညာရှင်များ

 ၂၇-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

မခိုင်လေးလို့ အများကချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချော ခိုင်သင်းကြည်ကတော့ အရေးတော်ပုံကြီးမှာ အနုပညာရှင်ညီအစ်ကိုမောင်နှမတွေနဲ့အတူ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာ တက်နိုင်သလောက် ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နိုင်ငံရေးအခြေအနေနဲ့ ကပ်ရောဂါဆိုးတွေကြောင့် လတ်တလောမှာ အနုပညာအလုပ်တွေ ရပ်နားထားရပေမယ့် လှူဒါန်းမှုတွေ ပြုလုပ်နေသူပဲ ဖြစ်ပါတယ်။

Photo Credit - Khine Thin Kyi's Fb Acc
Photo Credit - Khine Thin Kyi's Fb Acc
Photo Credit - Khine Thin Kyi's Fb Acc
Photo Credit - Khine Thin Kyi's Fb Acc
Photo Credit - Khine Thin Kyi's Fb Acc
Photo Credit - Khine Thin Kyi's Fb Acc

မခိုင်လေးကတော့ ဒီကနေ့မှာ ကျရောက်လာတဲ့ သူမရဲ့ မွေးနေ့လေးမှာ မွေးနေ့အလှူအဖြစ် မိသားစုလိုက် ကောင်းမှုကုသိုလ်တွေ ပြုလုပ်ခဲ့ပြန်ပါတယ်။ မွေးနေ့အလှူအဖြစ် ဓမ္မဝိဟာရ စာသင်ကျောင်းအတွက် နဝကမ္မအလှူငွေ (၅)သိန်း လှူဒါန်းခဲ့ပြီး ရုပ်ရှင်စက်အဖွဲ့သားများအတွက်လည်း အာဟာရဒါနအဖြစ် ထမင်းဘူး (၃၀၀) နဲ့ အလှူငွေ (၃၅)သိန်းကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Khine Thin Kyi's Fb Acc
Photo Credit - Khine Thin Kyi's Fb Acc
Photo Credit - Khine Thin Kyi's Fb Acc
Photo Credit - Khine Thin Kyi's Fb Acc
Photo Credit - Khine Thin Kyi's Fb Acc
Photo Credit - Khine Thin Kyi's Fb Acc
Photo Credit - Khine Thin Kyi's Fb Acc
Photo Credit - Khine Thin Kyi's Fb Acc

လိုအပ်နေသူတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်ကာ မိသားစုတွေ စုံစုံညီညီနဲ့ ကူသိုလ်ယူခဲ့တဲ့ပုံရိပ်လေးတွေကို မခိုင်လေးက သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်။ ကြည်နူးစရာကောင်းလွန်းတဲ့ မခိုင်လေးတို့ရဲ့ မွေးနေ့အလှူလေးကိုလည်း ပရိသတ်တွေအားလုံးက ဝမ်းမြောက်စွာ သာဓုခေါ်ဆုတောင်းပေးနေကြတာလည်း တွေ့ရပါတယ်။ 

Photo Credit - Khine Thin Kyi's Fb Acc
Photo Credit - Khine Thin Kyi's Fb Acc
Photo Credit - Khine Thin Kyi's Fb Acc
Photo Credit - Khine Thin Kyi's Fb Acc
Photo Credit - Khine Thin Kyi's Fb Acc
Photo Credit - Khine Thin Kyi's Fb Acc

သတင်း အရင်းအမြစ်Khine Thin Kyi's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T