ဒီမောဆို့မြို့၊ ကုန်းသာကျေးရွာရှိပြည်သူတွေရဲ့ နေအိမ်အတော်များများ မီးရှို့ဖျက်ဆီးခံထားရမှု မြင်ကွင်းပုံရိပ်များ

//s9.kh1.co/11/11f9d25b0a18a32dff151e3b427581737b4f053c.jpg
နေ့စဉ်သတင်းများ

 ၂၇-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလော ကယားပြည်နယ်အတွင်းရှိ ဒီးမော့ဆိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အာဏာရှင်လက်‌အောက်ခံတပ်တွေကြား တစ်ကျော့ပြန် ထိတွေ့တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာနေတာကိုတွေ့ရပါတယ်။ တစ်ဖက်ကလည်း မြို့ပေါ်ဒေသတွေကိုပါအင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်မှုတွေ ပြုလုပ်လာခဲ့ပြီး လက်နက်ကြီးတွေနဲ့ပါ ပစ်‌ခတ်နေတာပါ။ လက်ရှိမှာဆိုရင်လည်း ဒေသခံပြည်သူတွေက ဘေးလွတ်ရာတွေမှာ နေအိမ်တွေစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ် ။

Photo credit-​ New Light in Karenni's Facebook page
Photo credit-​ New Light in Karenni's Facebook page
Photo credit-​ New Light in Karenni's Facebook page
Photo credit-​ New Light in Karenni's Facebook page

ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်မှာလည်း အထိအခိုက်အကျအဆုံးများလာသလို တစ်ဖက်မှာလည်း ထိခိုက်သေဆုံးမှုတွေများလာနေတာကို တွေ့ရပါတယ်။ ယမန်နေ့ကလည်း ဒီမောဆို့မြို့နယ်ဘက်မှာ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ပြည်သူတို့ရဲ့နေအိမ်တွေပါ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

Photo credit-​ New Light in Karenni's Facebook page
Photo credit-​ New Light in Karenni's Facebook page
Photo credit-​ New Light in Karenni's Facebook page
Photo credit-​ New Light in Karenni's Facebook page

ဒီမောဆို့အခြေစိုက် လူမှုကွန်ယက်စာမျက်နှာတစ်ခုကနေ မကြာသေးမီက Facebookစာမျက်နှာမှာ ကုန်းသာကျေးရွာရှိလူနေအိမ်အတော်များများ မီးရှို့ဖျက်ဆီးခံထားရတဲ့ ပုံရိပ်တွေကို တင်ပေးလာပါတယ်။ အသက်ဘေးလွတ်အောင် တိမ်းရှောင်နေရတဲ့ ပြည်သူတွေခမျာမှာလည်း အခုလိုအနှစ်နှစ်အလလစုဆောင်းထားရတဲ့ နေအိမ်တွေပျက်ဆီးသွားတာကြောင့် ယူကျုံးမရဖြစ်နေကြရတာလည်းဖြစ်ပါတယ်။

Photo credit-​ New Light in Karenni's Facebook page
Photo credit-​ New Light in Karenni's Facebook page

သတင်း အရင်းအမြစ်New Light in Karenni's Facebook page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T