ဖခင်ဖြစ်သူရဲ့ နောက်ဆုံးအချိန်မှာတောင် အဝေးကရောက်နေတာကြောင့် မျက်ရည်တွေနဲ့ ဖုန်းထဲကနေ လှမ်းကန်တော့ခဲ့ရတဲ့ ဖိုးချစ်

//s9.kh1.co/1a/1a3ea2b6fee87c4ca08adabecc575ef26232b609.jpeg
အနုပညာရှင်များ

 ၂၇-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

သဘင်လောကမှာ ထိပ်တန်းကနေ အောင်မြင်နေတဲ့ ဇာတ်မင်းသားဖိုးချစ်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ဖခင်ဖြစ်သူကို ဆုံးရှုံးထားရသူပဲ ဖြစ်ပါတယ်။ အရေးတော်ပုံကြီးမှာ လူထုခှုပ်ရှားမှုတွေကို အင်တိုက်အားတိုက်ပါဝင်ခဲ့တဲ့ ဖိုးချသ်ကတော့ လတ်တလောမှာတော့ မိသားစုရဲ့ အဝေးမှာရောက်ရှိနေတာကြောင့် ဖခင်ဖြစ်သူရဲ့ နောက်ဆုံးအချိန်မှာတောင် အနားမှာရှိမနေနိုင်ခဲ့ပါဘူး။

Photo Credit - Phoe Chit's Fb Acc
Photo Credit - Phoe Chit's Fb Acc

ဖိုးချစ်ကတော့ ဖခင်ကြီးရဲ့ နောက်ဆုံးအချိန်မှာတောင် အဝေးရောက်နေတာကြောင့် ဖုန်းထဲကနေပဲ မျက်ရည်တွေနဲ့ ဝမ်းနည်းစွာ နောက်ဆုံးကန်တော့ခဲ့ရတာ ဖြစ်ပါတယ်။ ဖြေမဆည်နိုင်တဲ့ ဝမ်းနည်းမှုတွေနဲ့ ဖခင်ကို ဖုန်းလေးနဲ့ အဝေးကလှမ်းကန်တော့ခဲ့ရတဲ့ ဖိုးချစ်တို့သားအဖနှစ်ယောက်ရဲ့ ပုံရိပ်လေးကြောင့် အားလုံးက စိတ်မေကာင်းဖြစ်နေကြတာ ဖြစ်ပါတယ်။ 

Photo Credit - Original Uploader
Photo Credit - Original Uploader

ဇာတ်မင်းသား ဖိုးချစ်ရဲ့ဖခင် ရွာစားကျော် ဦးစိန်၀င်းသောင်းဟာ စက်တင်ဘာလ (၂၄)ရက်နေ့ ညပိုင်းက ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ဖိုးချစ်ရဲ့ ဖခင်ကွယ်လွန်သွားတဲ့ စိတ်မကောင်းစရာသတင်းလေးကိုတော့ အနုပညာရှင်အသိုင်းအဝိုင်းက သူတို့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ဝမ်းနည်းကြောင်းရေးသားကာ ဝေမျှထားတာ ဖြစ်ပါတယ်။ 

Photo Credit - Original Uploader
Photo Credit - Original Uploader


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T