တစ်ကမ္ဘာလုံးမှာရှိတဲ့ လောင်ကစားရုံတစ်ခုမှ အ၀င်မခံနိုင်တဲ့ ကမ္ဘာ့မှတ်ဉာဏ်အကောင်းဆုံး လူသား

//s9.kh1.co/03/035813f39e2c4315f0518bb38126b35e3693a039.jpg
ဗဟုသုတအဖြာဖြာ

 ၂၇-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာ့မှတ်ဉာဏ်အကောင်းဆုံးလူအဖြစ် သတ်မှတ်ခံထားရသူကတော့ အသက် ၅၉ နှစ်အရွယ် ဒိုမစ်နစ် အိုဘရိန်းဖြစ်ပါတယ်။ ကမ္ဘာ့မှတ်ဉာဏ်ချန်ပီယံရှစ် ပြိုင်ပွဲမှာ ရှစ်ကြိမ်ဆက် ဗိုလ်စွဲထားသူဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ကာစီနိုရုံတွေက အဝင်မခံတဲ့သူလည်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူရဲ့မှတ်မိနိုင်စွမ်းကြောင့်ပါပဲ။ သူဟာ ဖဲချပ်ပေါင်း ၅၄ ချပ်ကို မှတ်ထားနိုင်စွမ်း ရှိသူဖြစ်ပြီး ကမ္ဘာ့ဂင်းနစ်စံချိန်တင်ခံထားရသူလည်း ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=337,q=100/9f/9f61195563e9329eb6b755eeda74635c6d76816c.jpg
https://s9.kh1.co/__image/w=600,h=375,q=100/68/680b7f6b43e42a922e34a74be1a7f23af1729414.jpg

လူသားတစ်ယောက်ရဲ့မှတ်မိနိုင်စွမ်းဟာ ဖဲချပ် ခြောက်ချပ်ထိပဲရှိပေမဲ့ သူက ၅၄ ချပ်ထိ မှတ်ထားနိုင်တာ ဖြစ်ပါတယ်။ ထူးခြားတဲ့အဖြစ်အနေနဲ့ ငယ်ငယ်တုန်းက ရထားတိုက်မိခဲ့တဲ့ဖြစ်ရပ်တစ်ခုရှိခဲ့ပြီး အဆိုပါရထားတိုက်မှုမှာ သူ့ရဲ့ ဦးနှောက်ထိခိုက်ခဲ့တယ်လို့ ဒိုမစ်နစ်က ပြောပါတယ်။ ဒါပေမဲ့ သူ့လိုမှတ်မိနိုင်အောင် လူတွေလုပ်လို့ရတယ်လို့ ဒိုမစ်နစ်က ယုံကြည်ပါတယ်။

https://s9.kh1.co/__image/w=600,h=356,q=100/a2/a2bb93d4a4f9bf0e3f4561cc58ce98a6b8e1f6d0.jpg
https://s9.kh1.co/__image/w=600,h=801,q=100/d9/d981903d15f051c11676845775d164ab996bd9a2.jpg

၁၉၈၇ တုန်းက လူတစ်ယောက် ဖဲချပ်တွေကို မှတ်သားပြတာကို ကြည့်ခဲ့ရာကနေ သူရဲ့ မှတ်ဉာဏ်လေ့ကျင့်မှုကို စတင်ခဲ့တာဖြစ်ပါတယ်။ အဲ့အချိန်မှာ သူဟာ အသက် ၃၀ ရှိနေပြီ ဖြစ်ပါတယ်။ မှတ်ဉာဏ်တိုးတက်အောင်လုပ်နည်း ဆိုတဲ့ စာအုပ်တစ်အုပ်ကို သူကရေးသားခဲ့ပြီး အဆိုပါ စာအုပ်မှာ သူ့ရဲ့ လေ့ကျင့်ပုံကို ဖော်ပြခဲ့ပါတယ်။ သူဟာ ဉာဏ်အကောင်းဆုံးဆိုတာထက် မှတ်မိနိုင်စွမ်းအကောင်းဆုံးသူလို့ သတ်မှတ်ထားခံရသူ ဖြစ်ပါတယ်။ သူရဲ့မှတ်ဉာဏ်ဘယ်လောက်ကောင်းလဲဆိုတာ Video လေးထဲမှာ ကြည့်လိုက်ပါ။

https://s9.kh1.co/__image/w=600,h=450,q=100/63/63da20e26c708295d81254051df5fe546a067738.jpg

သတင်း အရင်းအမြစ်Odditycentarl

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T