(၂၉)နှစ်ပြည့်မွေးနေ့လေးကို တော်လှန်ရေးနယ်မြေတစ်နေရာမှာပဲ နေထိုင်ရင်းဖြတ်သန်းခဲ့ရတဲ့အကြောင်းလေးကို ဖွင့်ဟလာတဲ့ သီဟထွန်း

//s9.kh1.co/6a/6a85793fe57195da8503695831bf582c3ed87602.jpg
အနုပညာရှင်များ

 ၂၇-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

နွေဦးတော်လှန်ရေးကြီးမှာ အနုပညာရှင်တွေကလည်း ပြည်သူတွေနဲ့အတူ ပူးပေါင်းရပ်တည်ပြီး အရေးတော်ပုံကြီး အောင်မြင်ဖို့အတွက် ကြိုးစားနေကြတာ ဖြစ်ပါတယ် ။ မင်းမော်ကွန်း၊ ကိုပေါက်၊ ထားထက်ထက်၊ဟားငါးကောင်၊မြနှင်းရည်လွင်၊ဟိန်းထက်စတဲ့ အနုပညာရှင်တွေလည်း လွတ်မြောက်နယ်မြေအသီးသီးကိုရောက်ရှိနေကြပြီး မော်ဒယ်လ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ သီဟထွန်းလည်း ရောက်ရှိနေပြီဖြစ်ပါတယ်။

Photo credit-Thiha Tun's Facebook acc
Photo credit-Thiha Tun's Facebook acc

သီဟထွန်းက အရေးတော်ပုံကြီးစတင်ခဲ့တဲ့ အချိန်တည်းကစတင်ကာ ရှေ့ဆုံးကနေတက်တက်ကြွကြွပါ၀င်ခဲ့တဲ့သူဖြစ်ပြီး ၅၀၅(က)နဲ့လည်း ၀ရမ်းထုတ်ခံထားရတဲ့သူဖြစ်ပါတယ်။ လက်ရှိမှာဆိုရင်လည်း သီဟထွန်းဟာ တော်လှန်ရေးနယ်မြေတစ်ခုကိုရောက်နေပြီး သူ့ရဲ့ (၂၉)နှစ်ပြည့်မွေးနေ့လေးကို တော်လှန်ရေးကိစ္စတွေပြုလုပ်ရင်း ကုန်ဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

Photo credit-Thiha Tun's Facebook acc
Photo credit-Thiha Tun's Facebook acc
Photo credit-Thiha Tun's Facebook acc
Photo credit-Thiha Tun's Facebook acc

မွေးနေ့အမှတ်တရလေးအနေနဲ့လည်း သီဟထွန်းဟာ သူ့ရဲ့ Facebookစာမျက်နှာမှာ မွေးနေ့မှာအလိုချင်ဆုံးအရာကတော့ တော်လှန်ရေးမှာလူတိုင်း အဘက်ဘက်ကနေအားမလျော့ကြပဲ ကြိုးစားပေးကြဖို့နဲ့ ဝေးကွာနေကြတဲ့မိသားစုတွေ မိတ်ဆွေတွေလည်း အမြန်ဆုံးပြန်လည်ပေါင်းစည်းနိုင်ကြဖို့ပဲဖြစ်တယ်လို့ ရေးသားထားပါတယ် ။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Thiha Tun's Facebook acc
Photo credit-Thiha Tun's Facebook acc
Photo credit-Thiha Tun's Facebook acc
Photo credit-Thiha Tun's Facebook acc

သတင်း အရင်းအမြစ်Thiha Tun's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T