ကလေးမွေးခံနီးမှ မိမိမှာ ကိုယ်၀န်ရှိကြောင်း သိရှိခဲ့ရတဲ့ ၁၉ နှစ်အရွယ် အမျိုးသမီး

//s9.kh1.co/8e/8e6dbb5ffa740e8b22da755d41d61f354a1b0d50.jpg
ဗဟုသုတအဖြာဖြာ

 ၂၇-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

Connie Whitton အမည်ရတဲ့အသက် (၁၉)နှစ်အရွယ် အမျိုးသမီးတစ်ယောက်ဟာ selfie ရိုက်ရတာ အလွန်သဘောကျတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူမက ပေါင် (၅၀)လောက်ဝိတ်ကျသွားရာကနေ ရုတ်တရက်အကြာင်းပြချက်မရှိဘဲ ဝိတ်ပြန်တက်လာတာကြောင့် အံ့အားသင့်နေခဲ့ပြီး လူမှုကွန်ယက်ပေါ်ကို ဓာတ်ပုံတွေတင်နေခဲ့တာပါ။ ဒါပေမယ့် သူမဟာ ခါးကိုက်တဲ့ဝေဒနာကို အဆက်မပြတ်ခံစားလာရတာကြောင့် ဆေးရုံကို ဆေးစစ်ဖို့သွားခဲ့ပါတယ်။ ဒီအခါမှ‌ သူမမှာ ကိုယ်ဝန်ရှိနေကြောင်း သိခဲ့ရတဲ့အကြောင်းကို The Sun မှာဖော်ပြထားပါတယ်။

https://s9.kh1.co/__image/w=600,h=611,q=100/80/8006db9f01389637b1f59bd0c14cd3d5c0b07342.jpg
https://s9.kh1.co/__image/w=600,h=334,q=100/bd/bd9f27dee5b01b09a4b310235b4ec318f7f98691.jpg

လေးနာရီကြာတဲ့အခါမှာတော့ (၇)ပေါင်၊ (၆)အောင်စရှိတဲ့ သားယောင်္ကျားလေး Seth ကို မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူမက Mirror သတင်းဌာနကို " ကျွန်မကိုယ်ဝန်ရှိတဲ့အကြောင်းသိရတာက ည(၉)နာရီမှာပါ။ မနက် (၁း၀၅)မိနစ်ရောက်တော့ သားလေး Seth က ရင်ခွင်ထဲရောက်နေခဲ့ပြီ ဒီ (၄)နာရီအချိန်ဟာ ကျွန်မအတွက်တော့ ကိုယ်ဝန်ဆောင်တဲ့ (၉) လ ပါပဲ… ကိုယ်ဝန်ရှိနေမှန်း ကျွန်မမသိခဲ့ပါဘူး… ရှိနေကြောင်းလက္ခဏာတွေလည်း မပြဘူး…ဗိုက်လည်းမထွက်သလို မနက်ပိုင်းအော့အန်တာတွေဘာတွေလည်း မရှိဘူးလေ " လို့သူမကပြောပါတယ်။

https://s9.kh1.co/__image/w=600,h=600,q=100/8f/8f3bcd7464e1d82ed7d821a3c6ccba7b5d1be610.jpg
https://s9.kh1.co/__image/w=600,h=598,q=100/ae/ae536e32df1770861d5a0283bd8c5445784d51b8.jpg

ကလေးမွေးခါနီးမှာ ကလေးရဲ့ လူးလွန့်လှုပ်ရှားတာတွေကိုလည်း သူမက မခံစားမိဘူးလို့ ပြောပြခဲ့ပါတယ်။ Connie ရဲ့အမေဖြစ်သူက သမီးကို အတင်းဆေးရုံကိုဆေးစစ်ဖို့ သွားပြခိုင်းခဲ့ပါတယ်။ ဆရာဝန်က သူမရဲ့ဆီးအိမ်ကို ပိုးဝင်မှု ရှိ၊ မရှိစစ်ဆေးပြီးတဲ့အခါမှာတော့ Connie ဟာ ကလေးရဲ့ နှလုံးခုန်သံကိုကြားလိုက်ရပြီး ပါးစပ်အဟောင်းသားဖြစ်သွားခဲ့ရပါတယ်။ သူမက ကိုယ်ဝန် အခုမှစတည်တဲ့အချိန်လို့ ထင်နေပေမယ့် ဆရာဝန်က ကိုယ်ဝန်ရင့်နေပြီး မွေးဖို့နီးနေပြီဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ပူပူနွေးနွေးမိခင်ဖြစ်လာတဲ့ Connie နဲ့ သူမရဲ့ချစ်သူ Liam (အသက် ၁၉ နှစ်) တို့ကတော့ မိသားစုလေးတစ်ခုစတင်ဖို့ အရင်ကတည်းက မျှော်လင့်နေခဲ့ကြပြီး သားကလေးမွေးလာတဲ့အခါ အမည်ကိုတောင် Seth လို့ နာမည်မှည့်ဖို့ကို ကြိုပြီးရွေးထားကြတာပါ။

https://s9.kh1.co/__image/w=634,h=845,q=100/8a/8afc54b54a18ceb417a0563aff09495d148964d3.jpg
https://s9.kh1.co/__image/w=600,h=399,q=100/76/7692cec19576c618112c3e195fce967cb57ac1af.jpg

သတင်း အရင်းအမြစ်Daily Mail

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T