ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ်မှ ပယ်ဖျက်ပေးခဲ့တဲ့အပြင် ဆေးခြောက်စိုက်တောင်သူတွေကိုပါ ချေးငွေထုတ်ချေးသွားတော့မယ့် ထိုင်းအစိုးရ

//s9.kh1.co/7f/7f01b9ec716ac2627e1796e302b3d6f0cab6b387.jpg
နေ့စဉ်သတင်းများ

 ၂၇-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ထိုင်းအစိုးရကနေ ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ်မှ ပယ်ဖျက်ပြီးနောက် ထိုင်းလယ်ယာစိုက်ပျိုးရေး သမဝါယမဘဏ်(BAAC) မှ ဆေးခြောက်စိုက်ပျိုးတဲ့ တောင်သူများနှင့် စိုက်ပျိုးရေး သမဝါယမများ အတွက် ယခုလမှစပြီး ချေးငွေထုတ်ချေးမယ်လို့ BAAC ရဲ့ ဒုတိယဥက္ကဋ္ဌ Somkiat Kimawaha ကပြောကြားခဲ့ပါတယ်။ ဆေးခြောက်စိုက်ပျိုးတဲ့ တောင်သူတွေအတွက် ဘဏ်အတိုးနှုန်းကို ပထမသုံးနှစ်အတွက် ဝ.၀၁ ရာခိုင်နှုန်းဖြင့် ထုတ်ချေးမှာဖြစ်ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ဆေးခြောက်စိုက်ပျိုးခြင်းကနေ ရရှိတဲ့ ၀င်ငွေရဲ့ ၂၅-၃၅% ကိုထည့်သွင်းလိမ့်မယ်လို့လည်း ဆိုထားပါတယ်။ စိုက်ပျိုးရေးဝန်ကြီးက ဆေးခြောက်ပင်(Cannabis)ကနေ များစွာသော ဆေးဝါးတွေထုတ်လုပ်နိုင်ပြီး Hemp ကနေ အလှကုန် နှင့် ချည်မျင်များ ထုတ်လုပ်နိုင်တဲ့အတွက် ဆေးခြောက်ပင်စိုက်ပျိုးရေးတွေ တိုးချဲ့ခွင့်ပြုပေးခြင်းအားဖြင့် တောင်သူတွေရဲ့ ဝင်ငွေတိုးစေပြီး နိုင်ငံရဲ့စီးပွားရေးကိုလည်း အများကြီးအထောက်အကူ ဖြစ်စေတယ်လို့ ပြောကြားခဲ့ပါသေးတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

မစ္စတာ Somkiat ကတော့ BAAC ကို Prachin Buri၊ Nakhon Ratchasima နှင့် Khon Kaen တို့တွင်တစ်ဦးလျှင် ဆေးခြောက်ချေးငွေ စုစုပေါင်းဘတ် ၅.၁ သန်းကိုပေးအပ်ခဲ့ပါတယ်။ BAAC ကခန့်မှန်းခြေအားဖြင့် တစ်နိုင်ငံလုံးရှိ လူဦးရေ (၁၀၀၀၀) အနက် (၁၅၇)ဦးဟာ ဆေးခြောက်စိုက်ပျိုးခြင်းမှာ ပါဝင်လာရန်အလားအလာရှိတယ်လို့ ဆိုထားခဲ့ပါတယ်။

သတင်း အရင်းအမြစ်Source NNT

 :

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T