သူမရဲ့ခင်မင်ရဆုံးသူငယ်ချင်းဖြစ်တဲ့ Jung Ho Yeon ရဲ့ (Squid Game) ရိုက်ကွင်းအထိ လူကိုယ်တိုင်သွားပြီးအားပေးခဲ့တဲ့ Jennie Kim

//s9.kh1.co/b3/b305cb95b86b420e999257f7c6e5ae74f0080433.jpeg
အနုပညာရှင်များ

 ၂၇-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

သူမရဲ့ခင်မင်ရဆုံးသူငယ်ချင်းဖြစ်တဲ့ Jung Ho Yeon ရဲ့ (Squid Game) ရိုက်ကွင်းအထိ လူကိုယ်တိုင်သွားပြီးအားပေးခဲ့တဲ့ Jennie Kim

Squid game စီးရီးမှာ ပါဝင်သရုပ်ဆောင်ကြတဲ့ သရုပ်ဆောင်များစွာရဲ့စွမ်းရည်ကို မြန်မာပြည်သူလူထုကချီးကျူးနေကြပြီး Season 2 ထွက်လာဖို့လည်း မျှော်လင့်နေကြတာဖြစ်ပါတယ်။အဓိကသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Jung Ho Yeon ဆိုရင် မော်ဒယ်တစ်ယောက်ဖြစ်တာတောင် ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်တာပဲဖြစ်ပါတယ်။Ho Yeon ကလည်း အောင်မြင်နေတဲ့ runways မော်ဒယ်တစ်ဦးဖြစ်ပြီး ပရိသတ်အများအပြားကို ပိုင်ဆိုင်ထားပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

သူမရဲ့ Best Friend တစ်ဦးဖြစ်တဲ့ Black Pink အဖွဲ့ဝင်တစ်ဦး Jennie ကလည်း Squid Game ရိုက်ကူးကတည်းကSupport လုပ်ပေးခဲ့တာဖြစ်ပါတယ်။ရိုက်ကွင်းကိုလည်း Food Truck ပို့ပေးခဲ့တဲ့အပြင် လူကိုယ်တိုင်သွားရောက်ပြီးတော့လည်း အားပေးခဲ့တာဖြစ်ပါတယ်။Jennie နဲ့ Ho Yeon တို့ရဲ့ သူငယ်ချင်းသက်တမ်းကလည်း နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်လို့ တစ်ယောက်ကိုတစ်ယောက်ကူညီဖေးမပေးပြီး အမြဲအားပေးနေတာပဲဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒီနေ့မှာတော့ Ho Yeon က သူမရဲ့ Instagram မှာ Jennie နဲ့ နှစ်ယောက်အတူ တွဲရိုက်ထားတဲ့ပုံလေးကို တင်လာတာဖြစ်ပါတယ်။အဲ့ဒီပုံလေးကတော့ သူမရဲ့ရိုက်ကွင်းကို Jennie လာလည်စဉ်က ရိုက်ကူးထားတာပဲဖြစ်ပါတယ်။Ho Yeon တို့သူငယ်ချင်းနှစ်ယောက်ကတော့ အနုပညာနယ်ပယ်မှာ အောင်မြင်မှုကိုယ်စီနဲ့ လျှောက်လှမ်းနေကြပြီး တစ်ယောက်ကိုတစ်ယောက် support ပေးနေကြတဲ့ ကြည်နူးစရာပုံလေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit:Jung Ho Yeon’s IG acc
Photo Credit:Jung Ho Yeon’s IG acc

Source&Photo Credit:Jung Ho Yeon’s IG acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T