လူတစ်ယောက်လိုမျိုး ရေချိုးခန်းထဲမှာ ရေချိုးနေတဲ့ ချစ်စရာ ကြွက်လေးရဲ့ Video

//s9.kh1.co/20/20d46ebb5003439c24d4cd2c34fffeb33872ba77.jpg
ဗဟုသုတအဖြာဖြာ

 ၂၇-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

တိရစ္ဆာန်တော်တော်များများဟာ အကြောင်းတစ်ခုခုကြောင့် နာမည်ကျော်ကြားလေ့ရှိပါတယ်။ ဥပမာ သခင်ပြန်အလာကို နှစ်ပေါင်းများစွာ စောင့်နေတဲ့ခွေးတို့ စစ်ပွဲမှာ အသက်စွန့်ပြီး လူတွေရဲ့ အသက်ပေါင်းများစွာကို ကယ်တင်ခဲ့တဲ့ ခိုငှက်တို့ စသဖြင့် ရှိကြပါတယ်။ ခုတစ်ခါက အဲ့လိုမျိုးမဟုတ်ပဲ လူတွေလိုမျိုး ရေချိုးနေတဲ့ ကြွက်လေးတစ်ကောင်ပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=448,q=100/e1/e10e1cdf17e5803a52abfe69be54bb8f92b2c60e.jpg
https://s9.kh1.co/__image/w=600,h=337,q=100/19/1960ff5714f582027e2d8335e4c0339601fb2075.jpg

ဒီကြွက်ရဲ့ရေချိုးတဲ့ ဗီဒီယိုကလည်း အံ့အားသင့်စရာ အရမ်းကောင်းပါတယ်။ လူတွေလိုရေချိုးတဲ့ ပုံစံအတိုင်းကို ရေးချိုးနေတာပါ။ ဒီလို ကြွက်တစ်ကောင်ရဲ့လုပ်နိုင်တဲ့ အစွမ်းအစဟာ တကယ်ကို အံ့ဩစရာပါပဲ။ ဆပ်ပြာအမြုပ်တွေအများကြီးနဲ့ တစ်ကိုယ်လုံးကို ပွတ်တိုက်နေတာလည်း တွေ့ရှိရမှာပါ။

https://s9.kh1.co/__image/w=600,h=338,q=100/d7/d7b93e0d8db39c3736035b57e95a2f560dde33bd.jpg
https://s9.kh1.co/__image/w=600,h=337,q=100/26/265237386b822bb8e270210e67eb1b3e8dc82874.jpg

လူတိုင်းလူတိုင်း ခွေးတွေကြောင်တွေရဲ့ လုပ်နိုင်စွမ်းကိုတော့ မြင်တွေ့နေကြဖြစ်ပေမဲ့ ကြွက်တစ်ကောင်ရဲ့အံ့ဩစရာကောင်းတဲ့ ရေချိုးတာကိုတော့ တွေ့ဖူးကြမှာမဟုတ်ပါဘူး။ သူကတော့ လူတစ်ယောက်လိုပါပဲ။အများကတော့ သခင်ရဲ့သင်ပေးထားမှုကြောင့်လို ထင်မြင်ချက်ပေးထားပါတယ်။ သင်ကိုယ်တိုင်လည်း ဗီဒီယိုလေးကို ကြည့်ပြီး ကြွက်ကလေးကိုချစ်မိသွားမှာပါ။

သတင်း အရင်းအမြစ်Braai Army

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T