အာဆင်နယ်အသင်းနဲ့ပွဲမှာ ပွဲထွက်ကစားခဲ့တဲ့ တစ်နိုင်ငံတည်းသားဖြစ်သူ Son ကို လာရောက်ကြည့်ရူအားပေးခဲ့တဲ့ မင်းသား Park Seo Joon

//s9.kh1.co/49/495e379755a443e6f4d508249fe35d1a4b230e4b.jpg
နေ့စဉ်သတင်းများ

 ၂၇-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

အာဆင်နယ်အသင်းနဲ့ပွဲမှာ ပွဲထွက်ကစားခဲ့တဲ့ တစ်နိုင်ငံတည်းသားဖြစ်သူ Son ကို လာရောက်ကြည့်ရူအားပေးခဲ့တဲ့ မင်းသား Park Seo Joon

စက်တင်ဘာလ(၂၆)ရက်နေ့ မနေ့ကတော့ အာဆင်နယ်အသင်းနဲ့ စပါးအသင်းတို့ ပရီးမီးယားလိဒ်ပွဲစဥ်အဖြစ် ယှဥ်ပြိုင်ကစားခဲ့ကြပါတယ်။ အာဆင်နယ်အသင်းကတော့ ယခုနောက်ပိုင်းပွဲစဥ်တွေမှာ ခြေစွမ်းကောင်းတွေကို ပြသထားနိုင်ခဲ့တဲ့ အသင်းဖြစ်ပြီး စပါးအသင်းကတော့  ယခုနောက်ပိုင်းပွဲစဥ်တွေမှာ ​ရလဒ်တွေ ဆိုးရွားနေတာ ဖြစ်ပါတယ်။ ပွဲစတင်ကစားချိန်မှာတော့ အာဆင်နယ်အသင်းက မထင်မှတ်လောက်အောင် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

လူငယ်ကစားသမားတွေအများအပြားကို ပွဲထုတ်လာခဲ့တဲ့ အာဆင်နယ်အသင်းက ပထမပိုင်းမှာတင် စပါးအသင်းကို (၃)ဂိုးပြတ် သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ တောင်ကိုးရီးယားတိုက်စစ်မှူးဖြစ်တဲ့ Son ကစပါးအသင်းအတွက် ချေပဂိုးတစ်ဂိုး ပြန်သွင်းယူပေးခဲ့တာ ဖြစ်ပြီး ပွဲပြီးဆုံးချိန်မှာတော့ သုံးဂိုး တစ်ဂိုးနဲ့ အာဆင်နယ်အသင်းတို့ အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါပွဲစဥ်ကို တောင်ကိုးရီးယားရဲ့ နာမည်ကျော်မင်းသားဖြစ်တဲ့ Park Seo Joon တစ်ယောက် လာရောက်ကြည့်ရူအားပေးခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

တစ်နိုင်ငံတည်းသားဖြစ်တဲ့ တောင်ကိုးရီးယားတိုက်စစ်မှူး Son ပါဝင်ကစားနေတဲ့ စပါးအသင်းရဲ့ အင်္ကျီကို ဝတ်ဆင်ပြီး Park Seo Joon တစ်ယောက် ကွင်းထဲအထိ လာရောက်ကြည့်ရူခဲ့တာပဲ ဖြစ်ပါတယ်။ ကံကောင်းစွာနဲ့ Park Seo Joon တစ်ယောက် လာရောက်ကြည့်ရူအားပေးချိန်မှာ သူငယ်ချင်းဖြစ်သူ Son ဂိုးသွင်းယူတာကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပါတယ်။ စပါးအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပွဲစဥ်ကို လန်ဒန်မှာ လာရောက်ကြည့်ရူအားပေးနေတဲ့ မင်းသား Park Seo Joon ရဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source :  Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T