အိမ်မှာနေရင်းနဲ့ မောင်ဖြစ်သူအတွက် သူမကိုယ်တိုင် ဆံသဆရာလုပ်ပေးဖြစ်နေကြောင်း ဟာသနှောကာ ပြောပြလာတဲ့ သင်ဇာဝင့်ကျော်

//s9.kh1.co/a0/a02072a0a2f912c9c9a51f063cbcab7dc39f6e8d.jpg
အနုပညာရှင်များ

 ၂၇-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

အိမ်မှာနေရင်းနဲ့ မောင်ဖြစ်သူအတွက် သူမကိုယ်တိုင် ဆံသဆရာလုပ်ပေးဖြစ်နေကြောင်း ဟာသနှောကာ ပြောပြလာတဲ့ သင်ဇာဝင့်ကျော်

မင်းသမီးချော သင်ဇာဝင့်ကျော်က ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ခဲ့တဲ့ အနုပညာရှင်တွေထဲမှာ တစ်ဦးအပါအဝင်ပဲ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ရက်ကတော့ သင်ဇာဝင့်ကျော်က သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ မောင်ဖြစ်သူနဲ့အတူ ရိုက်ကူးထားတဲ့ဓာတ်ပုံကို မျှဝေခဲ့တာ ဖြစ်ပါတယ် ။ ပုံထဲမှာတော့ သင်ဇာက အိမ်မှာနေရင်းနဲ့ မောင်ဖြစ်သူကို သူမကိုယ်တိုင် ဆံပင်ညှပ်ပေးနေတာ ဖြစ်ပါတယ် ။

Photo Credit-Amazing Grace
Photo Credit-Amazing Grace

ဒီပုံလေးနဲ့အတူ သင်ဇာက "ခေတ်ကာလမကောင်းတော့လည်း " ဆိုပြီး ဟာသနှောကာ ပြောပြထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ သင်ဇာဝင့်ကျော်တို့ မောင်နှမနှစ်ယောက်ရဲ့ပုံလေးကိုကြည့်ပြီး သဘောကျနေကြတာ ဖြစ်ပါတယ် ။ သင်ဇာက မောင်လေးနဲ့အတူ ရိုက်ကူးထားတဲ့ပုံလေးတွေကို ရံဖန်ရံခါမှသာ မျှဝေပေးလေ့ရှိတာ ဖြစ်ပါတယ် ။ မောင်လေးအပေါ်မှာ ဂရုစိုက်ပေးတတ်တဲ့ သင်ဇာက အရင်ကဆိုရင်လည်း မောင်ဖြစ်သူကိုယ်တိုင်ဝင်ရောက်ကစားတဲ့ လက်ဝှေ့ပွဲကို သွားရောက်အားပေးခဲ့သေးတာ ဖြစ်ပါတယ် ။

Photo Credit-Amazing Grace
Photo Credit-Amazing Grace
Photo Credit-Thinzar Wint Kyaw's FB Acc
Photo Credit-Thinzar Wint Kyaw's FB Acc
Photo Credit- Nyi Sat Kyaw's FB Acc
Photo Credit- Nyi Sat Kyaw's FB Acc

အခုလိုကာလမှာတော့ သင်ဇာဝင့်ကျော်က အိမ်မှာနေရင်းနဲ့ သူမရဲ့မောင်ဖြစ်သူအတွက် ကိုယ်တိုင်ဆံသဆရာ လုပ်ပေးနေတာ ဖြစ်ပါတယ် ။ ဒါကြောင့် သင်ဇာရဲ့မောင်လေးက "ဒီကာလ ဆံပင်နဲနဲရှည်တာနဲ့မနေတတ်ဘူး။ “သင်ဇာ့ဆံသ အမြန်ကြွ အပြန်လှရမည်” Part 2 ဘက်ဂျက်ဆံသ by ဒေါ် Thin Zar Wint Kyaw ??‍♂️ ?" ဆိုပြီး ပြောထားတာ ဖြစ်ပါတယ် ။ သင်ဇာဝင့်ကျော်တို့မောင်နှမနှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source & Photo Credit-Thinzar Wint Kyaw's FB Acc & Nyi Sat Kyaw's FB Acc

Photo Credit-Thinzar Wint Kyaw's FB Acc & Nyi Sat Kyaw's FB Acc
Photo Credit-Thinzar Wint Kyaw's FB Acc & Nyi Sat Kyaw's FB Acc
Photo Credit- Nyi Sat Kyaw's FB Acc
Photo Credit- Nyi Sat Kyaw's FB Acc
Photo Credit-Thinzar Wint Kyaw's FB Acc & Nyi Sat Kyaw's FB Acc
Photo Credit-Thinzar Wint Kyaw's FB Acc & Nyi Sat Kyaw's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T