ပြည်သူလူထုကို ကူညီပေးဖို့အတွက် ပြည်ပရောက်မြန်မာလူမျိုးများနဲ့အတူ ရန်ပုံငွေပွဲမှာ အပင်ပန်းခံပြီး တတပ်တအားပါဝင်ကူညီပေးခဲ့တဲ့ ပန်ဆယ်လို

//s9.kh1.co/2b/2bdd9458e5513e131391d8ea5de8bf697351cd7f.jpeg
နေ့စဉ်သတင်းများ

 ၂၇-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ပြည်သူလူထုကို ကူညီပေးဖို့အတွက် ပြည်ပရောက်မြန်မာလူမျိုးများနဲ့အတူ ရန်ပုံငွေပွဲမှာ အပင်ပန်းခံပြီး တတပ်တအားပါဝင်ကူညီပေးခဲ့တဲ့ ပန်ဆယ်လို

အရေးတော်ပုံစကတည်းက တတ်နိုင်တဲ့နေရာကနေ လှုပ်ရှားခဲ့တဲ့ ပန်ဆယ်လိုကလည်း အခုချိန်ထိ ပြည်သူတွေနဲ့အတူ တက်ကြွစွာပါဝင်နေဆဲဖြစ်ပါတယ်။သူမကတော့ ၅၀၅(က) စာရင်းထဲမှာ ထုတ်ပြန်ခံထားရသူဖြစ်တာကြောင့် မိတ်ဆွေ၊သူငယ်ချင်းတွေရဲ့အကူအညီနဲ့ ရေမြေခြားမှာနေထိုင်နေတာပဲဖြစ်ပါတယ်။သူမနဲ့အတူ မိသားစုဝင်တွေလည်း လွတ်မြောက်သွားတာကြောင့် ပြည်သူတွေကလည်းဝမ်းသာနေကြတာဖြစ်ပါတယ်။

Photo Credit:ပန်ဆယ်လို Facebook Acc
Photo Credit:ပန်ဆယ်လို Facebook Acc
Photo Credit:ပန်ဆယ်လို Facebook Acc
Photo Credit:ပန်ဆယ်လို Facebook Acc
Photo Credit:ပန်ဆယ်လို Facebook Acc
Photo Credit:ပန်ဆယ်လို Facebook Acc

ရေခြားမြေခြားရောက်နေပေမယ့်လည်း ပန်ဆယ်လိုက PDF ရဲဘော်တွေ၊ပြည်သူတွေကို အစွမ်းကုန်ကူညီပေးတာဖြစ်ပါတယ်။ဒါ့အပြင် သူမရဲ့ချွေးနည်းစာထဲကနေလည်း သိန်းချီပြီးလှူဒါန်းနေတာကြောင့် ပြည်သူတွေကလေးစားနေကြတာပဲဖြစ်ပါတယ်။ဒီနေ့မှာဆိုရင်လည်း San Francisco က Bay Area မှာ Free Burma Action Committee- San Francisco ရဲ့ နွေဦးတော်လှန်ရေး ရံပုံငွေပွဲကျင်းပခဲ့တာဖြစ်ပါတယ်။

Photo Credit:ပန်ဆယ်လို Facebook Acc
Photo Credit:ပန်ဆယ်လို Facebook Acc
Photo Credit:ပန်ဆယ်လို Facebook Acc
Photo Credit:ပန်ဆယ်လို Facebook Acc
Photo Credit:ပန်ဆယ်လို Facebook Acc
Photo Credit:ပန်ဆယ်လို Facebook Acc

ပန်ဆယ်လိုကလည်း အဲ့ဒီပွဲကိုတက်ရောက်ခဲ့ပြီး တတပ်တအား ဝိုင်းဝန်းကူညီပေးခဲ့ပါတယ်။ရန်ပုံငွေပွဲမှာ ကူညီလှူဒါန်းငွေ အမေရိကန်ဒေါ်လာ သုံးသောင်း (မြန်မာငွေ သိန်း၆၀၀ ဝန်းကျင်) ရရှိခဲ့တာဖြစ်ပါတယ်။မနေ့ကကျင်းပခဲ့တဲ့ Free Burma Sacramento မြို့ရဲ့ရန်ပုံငွေနဲ့ ပေါင်းလိုက်ရင် သိန်း (၁၃၀၀) ဝန်းကျင်ရှိပါတယ်။အဲ့ဒီငွေတွေအကုန်လုံးက နွေဦးတော်လှန်ရေးဆီ ပေးပို့ပေးမှာဖြစ်ကြောင်းကို သတင်းကောင်းလေးအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:ပန်ဆယ်လို Facebook Acc
Photo Credit:ပန်ဆယ်လို Facebook Acc
Photo Credit:ပန်ဆယ်လို Facebook Acc
Photo Credit:ပန်ဆယ်လို Facebook Acc
Photo Credit:ပန်ဆယ်လို Facebook Acc
Photo Credit:ပန်ဆယ်လို Facebook Acc

Source&Photo Credit:ပန်ဆယ်လို Facebook Acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T