ဖမ်းဆီးခံရပြီးနောက် ညှင်းပန်းနှိပ်စက်ခံရတဲ့ သွေးပျက်ခြောက်ချားစရာ အဖြစ်အပျက်တွေကို သတိပေးပြောပြလာတဲ့ PDF လူငယ်လေး

//s9.kh1.co/4f/4f66374d842a8f16be8a542d956177097e55bce5.jpeg
နေ့စဉ်သတင်းများ

 ၂၇-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

တော်လှန်ရေးကာလအတွင်း သူရဲကောင်းပြည်သူတွေ အသက်ပေးဆုံးရှုံးမှုတွေများပြားနေပြီး ကိုယ်ကျိုးစွန့်အနစ်နာခံကာ အများအကျိုးအတွက် ယနေ့အချိန်ထိ ကြိုးစားနေသူတွေလည်း အများအပြားပါပဲ။ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီးတဲ့နောက်မှာလည်း လူမဆန်တဲ့ အကြမ်းဖက်မှုတွေကို ခါးစည်းရင်ဆိုင်ကာ အရေးတော်ပုံကြီးအောင်မြင်ဖို့အတွက် အားတင်းရင်း ကျဆုံးသွားကြတဲ့ သူရဲကောင်းတွေအတွက်လည်း ပြည်သူတွေက ရင်နာနာနဲ့ ဝမ်းနည်းခဲ့ကြရပါတယ်။ 

Photo Credit - Htet Nay Win's Fb Acc
Photo Credit - Htet Nay Win's Fb Acc

ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးမှာ ပြည်သူတွေ ညှင်းပန်းနှိပ်စက်ခံရတဲ့ သွေးပျက်ခြောက်ချားစရာ အဖြစ်အပျက်တွေကိုလည်း PDF လူငယ်လေးတစ်ဦးက သတိပေးပြောပြလာပါတယ်။ ပြန်လွတ်လာသူတွေရဲ့ ပြောစကားအရ တွေးတောင်မတွေးဖူးတဲ့ အကြမ်းဖက်မှုတွေအပြင် ဒဏ်ရာမပေါ်ဘဲ ရူးသွားစေလောက်တဲ့အထိ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းမှုတွေနဲ့ အမျိုးမျိုး နှိပ်စက်တာတွေကို ပြောပြထားတာပါ။

Photo Credit - Htet Nay Win's Fb Acc
Photo Credit - Htet Nay Win's Fb Acc

ရန်သူတွေရဲ့ လူမဆန်တဲ့ ညှင်းပန်းနှိပ်စက်မှုဆွေကို မမြင်မကြားလိုတော့ဘူးဆိုရင် ပြည်သူတွေအနေနဲ့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်ကူညီကြဖို့ သတိပေးတိုက်တွန်းထားတာပါ။ လက်ရှိအချိန်မှာ တော်လှန်ရေးအတွက် တကယ်လုပ်ဆောင်နေကြသူတွေနဲ့ ဖမ်းဆီးခံသူရဲကောင်းတွေအတွက် အလိုအပ်ဆုံးက ဘာလဲဆိုတာကို သိနေကြပြီဖြစ်တာမို့ ကူညီပါဝင်ကြဖို့ မေတ္တာရပ်ခံတိုက်တွန်းထားတာ ဖြစ်ပါတယ်။ 

Photo Credit - Htet Nay Win's Fb Acc
Photo Credit - Htet Nay Win's Fb Acc
Photo Credit - Htet Nay Win's Fb Acc
Photo Credit - Htet Nay Win's Fb Acc

သတင်း အရင်းအမြစ်Htet Nay Win's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T