ဒီးမော့ဆိုတိုက်ပွဲတွင်ကျဆုံးခဲ့တဲ့ သူရဲကောင်း မောင်ပါစ္စကွားလယ်ရဲ့နာရေးကို ၀မ်းနည်းကြေကွဲစွာပို့ဆောင်ပေးကြတဲ့ ရဲဘော်ရဲဘက်များ

//s9.kh1.co/43/43b21eb0fa9108a2f8cfa760b2155256feea65eb.jpg
နေ့စဉ်သတင်းများ

 ၂၇-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

နိုင်ငံရေးအခြေအနေတင်းမာလာမှုတွေကြောင့် တိုက်ပွဲတွေကလည်း တစ်နေ့တစ်ခြားပြင်းထန်လာသလို တစ်ဖက်နဲ့တစ်ဖက်လည်းထိခိုက်ကျဆုံးမှုတွေ ရှိလာနေတာတွေ့ရပါတယ်။ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေဟာနေ့တိုင်းလိုလိုဖြစ်ပေါ်နေပြီး တစ်ဖက်ကလည်း လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းအကူပစ်ခတ်မှုတွေထိ ပြုလုပ်လာတာကြောင့် ကျဆုံးလာတဲ့ PDFရဲဘော်တွေလည်းရှိလာနေပါတယ်။

Photo credit-​ Loikaw PDF's Facebook page
Photo credit-​ Loikaw PDF's Facebook page
Photo credit-​ Loikaw PDF's Facebook page
Photo credit-​ Loikaw PDF's Facebook page

ယမန်နေ့ကလည်း ကရင်နီပြည်နယ် ဒီးမောဆို့မြု့၊ ကျောက်ဆည်ကန်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး PDF ရဲဘော်တစ်ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။ ကျဆုံးခဲ့တဲ့ရဲဘော်မှာ လွိုင်ကော် P.D.F မှ မောင်ပါစ္စကွားလယ် (ခ) ခိုးခိုဖြစ်ပြီး အသက် (၂၅)နှစ်အရွယ်ရှိ လူငယ်လေးတစ်ဦးဖြစ်ပါတယ်....။

Photo credit-​ Loikaw PDF's Facebook page
Photo credit-​ Loikaw PDF's Facebook page
Photo credit-​ Loikaw PDF's Facebook page
Photo credit-​ Loikaw PDF's Facebook page

ကျဆုံးသွားတဲ့ ရဲဘော်ရဲ့ရုပ်အလောင်းကို ရဲဘော်ရဲဘက်တွေဟာ မရရအောင်ပြန်လည် ကယ်ထုတ်ခဲ့ကြပြီး နာရေးအခမ်းအနားကို ရဲဘော်ရဲဘက်တွေစုပေါင်းပြီး ၀မ်းနည်းကြေကွဲစွာပြုလုပ်ပေးခဲ့ကြတာကို တွေ့ရပါတယ်။ ကျဆုံးသွားတဲ့ ရဲဘော်လည်း ကောင်းရာမွန်ရာရောက်ရှိပါစေလို့ စိတ်မကောင်းခြင်းများစွာနဲ့ဆုတောင်းပေးလိုက်ပါတယ်။

Photo credit-​ Loikaw PDF's Facebook page
Photo credit-​ Loikaw PDF's Facebook page

သတင်း အရင်းအမြစ်Loikaw PDF's Facebook page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T