စားဝတ်နေရေး အဆင်မပြေဖြစ်နေတဲ့ အိမ်ထောင်စု (၁၀၀) စာအတွက် ဟင်းစားနဲ့ စားသောက်ကုန်များ လှူဒါန်းဝေဌပေးခဲ့တဲ့ ဝေဠုကျော်

//s9.kh1.co/b3/b3dd1c18541cbbe2dd6125e1b24521f086d6e164.jpeg
အနုပညာရှင်များ

 ၂၇-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

......

မြန်မာ ပြည်သူ ပြည်သားတွေကတော့  ခုလို ကျပ်တည်းတဲ့ ကာလတွေမှာ အကြောင်းမျိုးစုံကြောင့် အလုပ်အကိုင်တွေကို အလွယ်တကူ လုပ်ကိုင်ဖို့ ခက်ခဲနေကြတာကို တွေ့ရပါတယ် ။ ဒီလို အချိန်တွေမှာ လက်လုပ်လက်စား အခြေခံ လူတန်းစားတွေ အဖို့တော့ ဘဝကို အတော်လေး ရုန်းကန် ဖြတ်သန်းနေကြရတာပါ ။ 

 Photo Credit : Wai Lu Kyaw Facebook Page 
 Photo Credit : Wai Lu Kyaw Facebook Page 
 Photo Credit : Wai Lu Kyaw Facebook Page 
 Photo Credit : Wai Lu Kyaw Facebook Page 

ဒါကြောင့် ဒီရက်ပိုင်းမှာဆိုရင် မြန်မာနိုင်ငံ နေရာ အနှံအပြားမှာ ခက်ခဲ ကျပ်တည်းနေသူတွေ အတွက် ရည်ရွယ်ပြီး စေတနာရှင်တွေ စုပေါင်းပြီး စားသောက်ကုန်တွေကို ရက်ရက်ရောရော လှူဒါန်းဝေဌပေးတာတွေ ပြုလုပ်လာကြတာ ကိုတွေ့ရပါတယ် ။ ဒီလို လှူဒါန်းကြသူတွေ အထဲမှာ ဝေဠုကျော်လည်း အပါအဝင်ပါပဲ ။

 Photo Credit : Wai Lu Kyaw Facebook Page 
 Photo Credit : Wai Lu Kyaw Facebook Page 
 Photo Credit : Wai Lu Kyaw Facebook Page 
 Photo Credit : Wai Lu Kyaw Facebook Page 

အခုလည်း လှိုင်သာယာဘက်က စားဝတ်နေရေး အတော်လေး ခက်ခဲနေတဲ့ အိမ်ထောင်စု (၁၀၀) စာအတွက် ဟင်းစား အနေနဲ့ ငါးများ အပါအဝင် အခြားသော စားသောက်ကုန်များကို လှူဒါန်းဝေဌခဲ့ပါတယ် ။ အလှူပုံတွေကြည့်ပြီး ထပ်တူ ကြည်နူး ပီတိဖြစိမိတာကြောင့် ပြန်လည်ဝေမျှပေးရင်း ဝေဠုကျော်လည်း ဒီထက်မက လှူနိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

 Photo Credit : Wai Lu Kyaw Facebook Page 
 Photo Credit : Wai Lu Kyaw Facebook Page 
Source & Photo Credit : Wai Lu Kyaw Facebook Page 
Source & Photo Credit : Wai Lu Kyaw Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T