စစ်ဘေးရှောင်ဒေသမှာ အခက်အခဲများစွာကြားက မီးဖွားပေးခဲ့ရတဲ့အကြောင်းကို ​ပီတိဖြစ်ဖွယ်ပြောပြလာတဲ့ ပရဟိတဆရာဝန်တစ်ဦး

//s9.kh1.co/9f/9ff6052c2a3a928153a9949c811b14aa82f558d0.jpg
နေ့စဉ်သတင်းများ

 ၂၇-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ပုံလေးတွေကြည့်ရင်းနဲ့တင် ပီတိဖြာမိပါတယ်... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

မြန်မာနိုင်ငံမှာ စစ်ရေးမငြိမ်သက်မှုကြောင့် စစ်ဘေးရှောင်ပြည်သူတွေဟာ ဟိုးယခင်တည်းကရှိခဲ့ကြပါတယ်။ ယခုလို အာဏာထိန်းချုပ်မှု ဖြစ်လာတဲ့အခါမှာတော့ စစ်ဘေးရှောင်ပြည်သူတွေဟာ ပိုလို့များပြားလာပါတော့တယ်။ယခုအချိန်အခါမှာ ပြည်သူအချို့ဟာ စစ်ဘေးရှောင်ပြည်သူတွေကို အတတ်နိုင်ဆုံး အားတက်သရော လိုက်လံကူညီနေကြပါပြီ။

Photo Credit from Shwe Yoe
Photo Credit from Shwe Yoe

ယခုလည်း စိတ်အားထက်သန်စွာကူညီနေတဲ့ ပရဟိတဆရာဝန်တစ်ဦးမှ သူ့ရဲ့ အဖြစ်အပျက်လေး တစ်ခုကို Facebook စာမျက်နှာပေါ်မှာပီတိဖြစ်ဖွယ်ရေးသားဖော်ပြလာပါတယ်။

Photo Credit from Shwe Yoe
Photo Credit from Shwe Yoe

သူကြုံခဲ့ရတဲ့ မွေးလူနာ ဟာ ကလေးမွေးပြီးသည့်တိုင်အောင် ချက်ကြိုးတန်းလန်းဖြစ်ပြီးကျန်ခဲ့တာမို့ ဆရာဝန်တွေခမျာ အသည်းအသန် စိတ်ပူပြီးပြေးလွှားခဲ့ရတာဖြစ်ပါတယ်။ဒါ့အပြင် ဆရာဝန်တွေနဲ့ မွေးလူနာရှိတဲ့နေရာဟာ ဆိုင်ကယ်နဲ့ တစ်နာရီလောက်မောင်းယူရတဲ့နေရာဖြစ်ကြောင်း၊ယခုကာလမှာ မိုးပြင်းထန်စွာရွာသွန်းမှုကြောင့် လမ်းတွေဟာ ရွှံဗွက်တွေထူနေပြီး လမ်းတွေချော်နေကြောင်း၊ ထိုသို့သောအခက်အခဲများကြားမှ အမြန်ဆုံးရောက်အောင်သွားခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

Photo Credit from Shwe Yoe
Photo Credit from Shwe Yoe

မွေးလူနာရဲ့ အမျိုးသား ဟာ အခုအချိန်မှာ ပြည်သူ့ရဲဘော်ဖြစ်နေတဲ့ ပြည်သူ့ရဲတစ်ဦးလို့ကြားသိရပါတယ်။ ဆရာဝန်တွေအနေနဲ့လည်း ဒီလိုပြည်သူတွေအတွက် ကူညီပေးနေရတာအင်မတန်ပီတိဖြစ်ရကြောင်း ဖော်ပြထားပါသေးတယ်။စစ်ဘေးရှောင်ပြည်သူများလည်း ဘေးကင်းကြပါစေ။ပရဟိတအနေနဲ့ကူညီပေးနေကြတဲ့ ပြည်သုအားလုံးလည်း ဘေးကင်းကျန်းမာကြပါစေလို့ ဆုတောင်းရင်း ဒီသတင်းကိုဖော်ပြလိုက်ရပါတယ်။

Photo Credit from Shwe Yoe
Photo Credit from Shwe Yoe
Photo Credit from Shwe Yoe
Photo Credit from Shwe Yoe
Photo Credit from Shwe Yoe
Photo Credit from Shwe Yoe
Photo Credit from Shwe Yoe
Photo Credit from Shwe Yoe
Photo Credit from Shwe Yoe
Photo Credit from Shwe Yoe
Photo Credit from Shwe Yoe
Photo Credit from Shwe Yoe
Photo Credit from Shwe Yoe
Photo Credit from Shwe Yoe
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T