သောင်ရင်းမြစ်ကနေ ရေများတစ်ရှိန်ထိုးတက်လာတာကြောင့် မြေနိမ့်ပိုင်းကနေထိုင်သူများ အရေးပေါ်ပြောင်းရွှေ့နေရတဲ့ မြဝတီမြို့က လက်ရှိအခြေအနေ

//s9.kh1.co/57/57f07120c6a86df6cbd317009799a70c22606568.jpg
နေ့စဉ်သတင်းများ

 ၂၇-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလော မြန်မာနိုင်ငံအတွင်းမှာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ရာကနေ မြစ်၊ချောင်းများ လျှံတက်ပြီး ရေကြီးမှုတွေ ဖြစ်ပေါ်လာတာ တွေ့ရပါတယ်။ တချို့မြို့နယ်တွေမှာဆိုရင်လည်း လမ်းမပေါ်တွေ ရေများကျော်တက်လာလို့ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်ခဲ့ရတာတွေလည်း ရှိလာခဲ့ပါတယ်။ ဒီကနေ့မှာလည်း မြဝတီမြို့က လက်ရှိအခြေအနေတွေကို ရိုက်ပြထားတဲ့ ပုံရိပ်တချို့ လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ဒါကတော မြဝတီမြို့မှာ မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းပြီးနောက် စက်တင်ဘာ (၂၆ ) ရက်ညကစတင်ပြီး ထိုင်း-မြန်မာနယ်စပ်က သောင်ရင်းမြစ်ကနေ ရေများတစ်ရှိန်ထိုးတက်လာတာကြောင့် မြေအနိမ့်ပိုင်းမှာ နေထိုင်တဲ့ မိသားစုတွေဟာ ရေးဘေးဒုက္ခနဲ့ ကြုံတွေ့နေကြရပါတယ်။ ယနေ့မနက်ပိုင်းမှာလည်း ရေတွေတက်လာပြီး မြေနိမ့်ပိုင်းက မိသားစုတွေ ဆက်လက်နေထိုင်လို့ မရတော့တာကြောင့် ဘေးလွတ်ကို ပြောင်းရွှေ့နေကြရတယ်လို့ သိရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

မြဝတီမြို့က လူမှုကယ်ဆယ်ရေးအသင်းတွေကလည်း နေအိမ်တွေမှာ ပိတ်မိနေတဲ့ မိသားစုတချို့ကို ကူညီကယ်ထုတ်ပေးနေတာ ဖြစ်ပါတယ်။ အဆိုပါ သောင်ရင်းမြစ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရေများလျှံတက်ခဲ့တာကြောင့် အနိမ့်ပိုင်းက မိသားစုတွေ အရေးပေါ်ပြောင်းရွှေ့ခဲ့ရပါသေးတယ်။ ပရိသတ်တွေကလည်း ရေးဘေးဒုက္ခနဲ့ ကြုံတွေ့နေကြရတဲ့ မြဝတီမြို့က ပြည်သူတွေကို ဆုတောင်းပေးကြပါဦးနော်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

သတင်း အရင်းအမြစ်MKMW

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T