ရှေ့တန်းရောက်နေချိန်မှာ ထမင်းနဲ့ဟင်းကို ကြွပ်ကြွပ်အိတ်လေးနဲ့ထုတ်လာပြီး စားသောက်နေရတဲ့ PDF ရဲဘော်တွေရဲ့မြေပြင်ပေါ်ကအခြေအနေ ဗီဒီယိုဖိုင်

//s9.kh1.co/ef/ef82e36177bf7761f6a05b90f31e3f9fc4607c68.jpeg
နေ့စဉ်သတင်းများ

 ၂၇-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ရှေ့တန်းရောက်နေချိန်မှာ ထမင်းနဲ့ဟင်းကို ကြွပ်ကြွပ်အိတ်လေးနဲ့ထုတ်လာပြီး စားသောက်နေရတဲ့ PDF ရဲဘော်တွေရဲ့မြေပြင်ပေါ်ကအခြေအနေ ဗီဒီယိုဖိုင်

မြန်မာပြည်တွင်းက တချို့ဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွါးနေပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေက အစွမ်းကုန်ရင်ဆိုင်နေကြတာဖြစ်ပါတယ်။PDF တွေဘက်မှလည်း အနည်းငယ်ကျဆုံးနေတာကြောင့် ပြည်သူလူထုကဝမ်းနည်းနေရပြီး နေ့စဉ်ရက်ဆက် ဆုတောင်းပေးနေကြတာဖြစ်ပါတယ်။PDF ရဲဘော်တွေ လိုအပ်မယ့် လက်နက်၊ရိက္ခာ စတာတွေကိုလည်း တတ်နိုင်သလောက် ထောက်ပံ့ပေးနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

တချို့နေရာတွေမှာဆိုရင် လူအင်အားများပြီး လက်နက်၊ရိက္ခာမလုံလောက်မှုတို့ကြောင့် PDF တွေလည်း ဖြစ်သလိုသာရုန်းကန်နေရတာဖြစ်ပါတယ်။ထမင်း၊ဟင်းတောင် နပ်မှန်အောင်မစားရပေမယ့် တိုက်ပွဲဝင်ဖို့အတွက် ကြိုးစားနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း PDF ရဲဘော်တွေရဲ့ မြေပြင်ပေါ်က ကြုံတွေ့နေရတဲ့အခြေအနေကို ပြည်သူတစ်ဦးက လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ရဲဘော်တွေ ရှေ့တန်းရောက်နေချိန်မှာ ဗိုက်ဖြည့်ဖို့အတွက် ထမင်းနဲ့ကြက်ဥဟင်းကို ကြွပ်ကြွပ်အိတ်နဲ့ ထုတ်လာတာဖြစ်ပါတယ်။ကြက်ဥဟင်းကိုပဲ ဟင်းကောင်းတယ်လို့သတ်မှတ်ထားကြပြီး ခွန်အားပြည့်ဖို့အတွက် စားသောက်ရတာဖြစ်ပါတယ်။ဘယ်နေရာမှာမဆို အခက်အခဲတွေကို အပြုံးမပျက်ရင်ဆိုင်ပြီး ပြည်သူတွေကိုလည်း အပူမပေးဘဲ အနစ်နာခံပေးဆပ်နေတဲ့ PDF တွေရဲ့ဗီဒီယိုဖိုင်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Photo Credit: Original Uploder 

Source&Video Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T