ယနေ့မှာ မွေးနေ့ကျရောက်ခဲ့တဲ့ ပရိတ်သတ်အသည်းစွဲနိုင်ငံကျော်မင်းသမီး ခိုင်သင်းကြည်

//s9.kh1.co/6a/6a10508f83d00b0a369671264000b1355e3a40fe.jpg
အနုပညာရှင်များ

 ၂၇-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

မွေးနေ့မှာ ပျော်ရွှင်ပါစေ မခိုင်လေးရေ.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ခိုင်သင်းကြည်လို့ ပြောလိုက်တာနဲ့ မပွတ်ကျွတ်ဆိုပြီး အများကချစ်စနိုးနဲ့ခေါ်တတ်ကြတဲ့ နိုင်ငံကျော်မင်းသမီးဆိုတာအားလုံးကသိကြပါတယ်။သူမ ရဲ့ သွက်လက်ချက်ချာလွန်းတဲ့ အမူအရာနဲ့ ပီပြင်လွန်းတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်များအကြား ရေပန်းစားအောင်မြင်ကျော်ကြားခဲ့သူလည်းဖြစ်ပါတယ်။သူမ ဟာ ဒါရိုက်တာစင်ရော်မောင်မောင် ရိုက်ကူးခဲ့တဲ့ မိုးယံသို့လွင့်ပျံစေမယ့် ကေသရာဇာတို့၏ အားမာန် ရုပ်ရှင်ဇာတ်ကားနဲ့ ပထမဦးဆုံး ပွဲဦးထွက်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Photo Credit From Khine Thin Kyi
Photo Credit From Khine Thin Kyi
Photo Credit From San Htate Htar Oo
Photo Credit From San Htate Htar Oo

သူမ ဟာ (၂၀၀၁) ခုနှစ်မှာ အမျိုးသမီးဇာတ်ပို့ဆု နှင့် (၂၀၁၄)ခုနှစ်မှာ အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။သူမဟာ သူမပါဝင်သရုပ်ဆောင်ရတဲ့ မည်သည့်ရုပ်ရှင်ဇာတ်ကားမှာမဆို အပီပြင်ဆုံးသရုပ်ဆောင်ချက်တွေနဲ့ ပရိတ်သတ်ရင်ကိုညှို့ယူဖမ်းစားနိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။

Photo Credit From Khine Thin Kyi
Photo Credit From Khine Thin Kyi
Photo Credit From San Htate Htar Oo
Photo Credit From San Htate Htar Oo

သူမ ဟာ (၂၀၀၂) ခုနှစ်မှာ ကိုခန့်နိုင်နှင့် လက်ထပ်ခဲ့ပြီး ယခုဆို စံထိပ်ထားဦးဆိုတဲ့ သမီးလေးတစ်ယောက်ကိုလည်းပိုင်ဆိုင်ထားပါတယ်။စံထိပ်ထားဦး ဟာလည်း မိခင်ရဲ့အနုပညာသွေးအပြည့်အဝ ပါဝင်လာတာကြောင့် မော်ဒယ်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိပါတယ်။

Photo Credit From Khine Thin Kyi
Photo Credit From Khine Thin Kyi
Photo Credit From Khine Thin Kyi
Photo Credit From Khine Thin Kyi

ဒီနေ့မှာတော့ အားလုံးကချစ်ရတဲ့ ခိုင်သင်းကြည်ဟာ အသက်(၅၀)ပြည့်မွေးနေ့ကို ကျရောက်သွားပြီဖြစ်ပါတယ်။သူမရဲ့ သမီးလေးကလည်း သူမရဲ့ မေမေကို !Happy birthday to my wonder woman?My life is nothing without you.အရမ်းချစ်တယ်မေမေ❤️" လို့ သူမရဲ့ Facebook စာမျက်နှာမှာ ဆုမွန်ကောင်းတောင်းခဲ့ပါတယ်။ ဘယ်လိုမှမထင်ရက်ရအောင်နုပျိုလွန်းတဲ့ ပြည်သူ့အချစ်တော် မင်းသမီးလေး မွေးနေ့မှာ ပျော်ရွှင်ပါစေလို့ ပရိတ်သတ်ကြီးကလည်း ဆုတောင်းပေးလိုက်ကြရအောင်နော်။

Photo Credit From San Htate Htar Oo
Photo Credit From San Htate Htar Oo
Photo Credit From San Htate Htar Oo
Photo Credit From San Htate Htar Oo
Photo Credit From San Htate Htar Oo
Photo Credit From San Htate Htar Oo
Photo Credit From San Htate Htar Oo
Photo Credit From San Htate Htar Oo
Photo Credit From San Htate Htar Oo
Photo Credit From San Htate Htar Oo
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T