သူ့အနားကို လက်နက်ကြီးနှစ်ကြိမ်တိတိကျရောက် ပေါက်ကွဲပြီး ဘေးလွင့်ထွက်သွားခဲ့ပေမယ့် အသက် ဆက်ရှင်ခဲ့တဲ့ ကလေးPDFတပ်ဖွဲ့ဝင်တစ်ဦး

//s9.kh1.co/34/344e27a1bffbdacc73acc3b50fe759f4ee9d5ecd.jpg
နေ့စဉ်သတင်းများ

 ၂၇-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

သူ့အနားကို လက်နက်ကြီးနှစ်ကြိမ်တိတိကျရောက် ပေါက်ကွဲပြီး ဘေးလွင့်ထွက်သွားခဲ့ပေမယ့် အသက် ဆက်ရှင်ခဲ့တဲ့ ကလေးPDFတပ်ဖွဲ့ဝင်တစ်ဦး

ကလေးPDFတပ်ဖွဲ့ဝင်တွေဟာ ရန်သူကိုအပြင်းအထန်တိုက်ထုတ်နေတာ​ကြောင့် ယခုရက်ပိုင်းအတွင်း တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားနေခဲ့ပါတယ်။ စက်တင်ဘာလ(၂၆)ရက်နေ့ မနေ့ကတော့ ကလေးPDFဟာ မဟာမိတ်တွေနဲ့ပူးပေါင်းပြီး ကလေးမြို့နယ်၊ လေးအိမ်စုနှင့် စည်ပင်ကြီးရွာ အနီးမှာ ရန်သူကို ပိတ်ဆို့တိုက်ခိုက်နေခဲ့ပါတယ်။ ယခုမှာတော့ ကလေးPDFတပ်ဖွဲ့ဝင်တစ်ဦးဟာ သူ့အနီးနားကို လက်နက်ကြီးနှစ်ကြိမ်တိတိ ကျရောက်ပေါက်ကွဲခဲ့ပေမယ့် ကံကောင်းစွာနဲ့အသက်မသေဆုံးဘဲ ထိခိုက်ဒဏ်ရာသာ ရရှိသွားခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အဆိုပါPDFလူငယ်လေးက လက်နက်ကြီးဘေးနားကျရောက်ပြီး ပေါက်ကွဲခဲ့ပေမယ့် အသက်မသေဆုံးခဲ့တဲ့အကြောင်းကို ပြည်သူတွေဆီ ပြောပြလာခဲ့ပါတယ်။ စက်တင်ဘာလ(၂၆)ရက်နေ့ မနေ့ကတော့ အဆိုပါကလေးPDFလူငယ်လေးဟာ တိုက်ပွဲဆင်နွှဲနေရင်း ရန်သူပစ်ခတ်လိုက်တဲ့ လက်နက်ကြီးက အနီးနားကို နှစ်ကြိမ်တိတိ ကျရောက်ပေါက်ကွဲသွားခဲ့ပါတယ်။ လက်နက်ကြီးပေါက်ကွဲမှုကြောင့် အဆိုပါPDF လူငယ်လေးအပါအဝင် ရဲဘော်အချို့ဟာ ဘေးကိုလွင့်ထွက်သွားခဲ့ပြီး အသက်သေဆုံးပြီလို့ ထင်ခဲ့ပေမယ့် ကံကောင်းစွာနဲ့အသက်ဆက်ရှင်နေခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

လက်နက်ကြီးပေါက်ကွဲမှုကြောင့် နဖူးနဲ့ ပေါင်မှာ ဒဏ်ရာတွေရရှိခဲ့ပေမယ့် ကြောက်ရွံ့သွားမှာမဟုတ်ဘဲ ဆက်လက်တိုက်ပွဲဝင်နေအုန်းမှာဖြစ်ကြောင်း အဆိုပါကလေးPDFလူငယ်လေးက ပြောပြလာခဲ့ပါတယ်။ သူအပါအဝင် ဒဏ်ရာရရှိသွားခဲ့တဲ့ ကလေးPDFရဲဘော်တွေဟာ ဘုရားကျေးဇူးတော်ကြောင့် မစိုးရိမ်ရ အခြေအနေမှာရှိကြောင်း အဆိုပါလူငယ်လေးက ဖွင့်ဟထားခဲ့ပါတယ်။ လက်နက်ကြီးက အနီးနားကို ကျရောက်ပေါက်ကွဲခဲ့ပေမယ့် အသက်မသေဆုံးခဲ့တဲ့ ကလေးPDFလူငယ်လေးတစ်ဦးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T