ရက်အနည်းငယ်လောက် ပျောက်သွားလို့ စိတ်ပူပေးနေကြတဲ့ပြည်သူတွေကို သတင်းစကားပါးရင်းနဲ့ ‌လက်ရှိအခြေအနေကိုပြသလာတဲ့ ပိုးလေး

//s9.kh1.co/07/07d4a260a125555c23f855b73876f046a800de35.jpg
အနုပညာရှင်များ

 ၂၇-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ရက်အနည်းငယ်လောက် ပျောက်သွားလို့ စိတ်ပူပေးနေကြတဲ့ပြည်သူတွေကို သတင်းစကားပါးရင်းနဲ့ ‌လက်ရှိအခြေအနေကိုပြသလာတဲ့ ပိုးလေး

ဟားငါးကောင်အဖွဲ့ကတော့ လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိနေတာဖြစ်ပြီး အာဏာရှင်ဆန့်ကျင်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေကြတာ ဖြစ်ပါတယ် ။ ပြည်သူချစ် အနုပညာရှင်ဘဝကနေ ပြည်သူ့ရဲဘော်ဘဝကို ပြောင်းလဲခံယူခဲ့တဲ့ ဟားငါးကောင်အဖွဲ့က ရပ်တည်ချက်ခိုင်မာနေကြတာ ဖြစ်ပါတယ် ။ တစ်ခါတစ်ရံမှာတော့ သူတို့အဖွဲ့က သရော်ပြက်လုံးတွေထုတ်ပြီး ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို ပြည်သူတွေအတွက် တင်ဆက်ပေးလေ့ရှိတာ ဖြစ်ပါတယ်။

Photo Credit-Ko Ko Poe Lay's FB Acc
Photo Credit-Ko Ko Poe Lay's FB Acc
Photo Credit-Ko Ko Poe Lay's FB Acc
Photo Credit-Ko Ko Poe Lay's FB Acc

လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ပြည်သူတွေကို သတင်းစကားပါးလေ့ရှိတဲ့ ပိုးလေးနဲ့ တိုင်းကျော်တို့က ရက်အနည်းငယ်လောက် Facebook ပေါ်ကနေ ပျောက်သွားခဲ့တာ ဖြစ်ပါတယ် ။ သူတို့ဆီက သတင်းမကြားရတဲ့အတွက် ပြည်သူတွေက အရမ်းစိတ်ပူခဲ့ကြတာလည်း ဖြစ်ပါတယ် ။ မနေ့ကတော့ လူရွှင်တော်ပိုးလေးက သူတို့အဖွဲ့သားတွေအားလုံး အန္တရာယ်ကင်းကင်းနဲ့ ရှိနေသေးတာကြောင့် ပြည်သူတွေစိတ်မပူဖို့ကြဖို့ ပြောလာခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Ko Ko Poe Lay's FB Acc
Photo Credit-Ko Ko Poe Lay's FB Acc
Photo Credit-Ko Ko Poe Lay's FB Acc
Photo Credit-Ko Ko Poe Lay's FB Acc
Photo Credit-Ko Ko Poe Lay's FB Acc
Photo Credit-Ko Ko Poe Lay's FB Acc

ဒါ့အပြင် ပိုးလေးက တောထဲမှာ ရှိတာလေးနဲ့ ဖြစ်သလို နေထိုင်စားသောက်နေရတဲ့ သူ့ရဲ့အခြေအနေကို ပြသလာခဲ့တာ ဖြစ်ပါတယ် ။ ပိုးလေးက "မင်း နောင်တရနေပြီလားလို့မမေးနဲ့ ဘယ်တော့မှနောင်တမရဘူး။ဒါပေမယ့် မတူညီတဲ့ဘဝတွေမှာ အတွေ့အကြုံတွေတော့အများကြီးရတယ်။အာဏာရှင်တွေကို ဘယ်လိုပဲတော်လှန်ရ တော်လှန်ရ ကျေနပ်တယ်။" ဆိုပြီး ပြောထားတာလည်း ဖြစ်ပါတယ် ။ ပိုးလေးကတော့ အခက်အခဲတွေကြားမှာ ရှင်သန်နေရပေမယ့်လည်း အခုချိန်အထိ နောင်တမရကြောင်းစသည်ဖြင့် သူ့ရဲ့ခံယူချက်ကို ပြောပြလာခဲ့တာ ဖြစ်ပါတယ် ။

Source & Photo Credit-Ko Ko Poe Lay's FB Acc

Photo Credit-Ko Ko Poe Lay's FB Acc
Photo Credit-Ko Ko Poe Lay's FB Acc
Photo Credit-Ko Ko Poe Lay's FB Acc
Photo Credit-Ko Ko Poe Lay's FB Acc
Photo Credit-Ko Ko Poe Lay's FB Acc
Photo Credit-Ko Ko Poe Lay's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T