အမှိုက်ပုံပေါ်မှာစွန့်ပစ်ခံလိုက်ရတဲ့သားလေးကို ခေါ်ယူမွေးစားပြီးနောက် အသက်လုခဲ့ရတဲ့အခြေအနေကို ဖွင့်ဟလာတဲ့ မေမေခိုင်နှင်းဝေ

//s9.kh1.co/cc/cc13014e818f91f1175ef02356f721dee503a343.jpeg
အနုပညာရှင်များ

 ၂၇-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

အမှိုက်ပုံပေါ်မှာစွန့်ပစ်ခံလိုက်ရတဲ့သားလေးကို ခေါ်ယူမွေးစားပြီးနောက် အသက်လုခဲ့ရတဲ့အခြေအနေကို ဖွင့်ဟလာတဲ့ မေမေခိုင်နှင်းဝေ

မင်းသမီးချောခိုင်နှင်းဝေကတော့ ခိုကိုးရာမဲ့နေတဲ့ကလေးသူငယ်တွေကို စောင့်ရှောက်ပေးပြီး နွေးထွေးတဲ့ဂေဟာလေးတစ်ခုကို တည်ထောင်ထားတာဖြစ်ပါတယ်။ခိုင်နှင်းဝေရဲ့ သားသမီးလေးတွေကလည်း မေတ္တာစစ်မှန်တဲ့နေရာမှာနေထိုင်ပြီး တဖြည်းဖြည်းအရွယ်ရောက်လာကြတာဖြစ်ပါတယ်။ခိုင်နှင်းဝေက မွေးစားပြီးနောက်ပိုင်းမှာကျန်းမာရေးမကောင်းတဲ့ကလေးငယ်တွေကိုလည်း ပုံမှန်ဆေးကုသပေးနေတာဖြစ်ပါတယ်။

Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page

လွန်ခဲ့တဲ့လတွေက အမှိုက်ပုံမှာရှာတွေ့ခဲ့တဲ့ ကလေးငယ်လေးတစ်ယောက်ဆိုရင် (၂)ပေါက်ပဲရှိပြီး မွေးကင်းစအရွယ်ကတည်းက စွန့်ပစ်ခံလိုက်ရတာဖြစ်ပါတယ်။အမှိုက်ပုံလို အညစ်အကြေးများစုပြုံပြီး ပိုးမွှားပေါင်းစုံပေါများတဲ့နေရာမှာ နေခဲ့ရတာကြောင့် ကလေးငယ်ခမျာ မေးခိုင်ပိုးများဝင်ပြီး အသက်ရှင်အောင် ကုသခဲ့ရတာဖြစ်ပါတယ်။အခုဆိုရင်တော့ ခိုင်နှင်းဝေရဲ့မေတ္တာကြောင့် ကလေးငယ်လေးလည်း ကျန်းမာရေးအခြေအနေ စိတ်ချရတဲ့အနေအထားကိုရောက်သွားပြီဖြစ်ပါတယ်။

Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page

စတင်မွေးစားခဲ့ကတည်းက ဆေးရုံ၊ဆေးခန်းတွေ ဆက်တိုက်တင်ကာပြုစုခဲ့ရတဲ့သားလေးကို မေမေခိုင်နှင်းဝေကလည်း စိုးရိမ်သနားပြီး အချစ်ပိုခဲ့ရတာဖြစ်ပါတယ်။ကလေးတွေအပေါ်မှာ မိခင်တစ်ယောက်ရဲ့မေတ္တာတွေပေးပြီးကြင်နာစွာစောင့်ရှောက်ပေးနေတဲ့ ခိုင်နှင်းဝေရဲ့ စေတနာကို ပရိသတ်တွေကလေးစားနေကြတာဖြစ်ပါတယ်။အခုလိုမျိူး မိဘမဲ့ကလေးတွေကိုစောင့်ရှောက်နိုင်အောင် အဘက်ဘက်ကနေလှူဒါန်းပေးနေတဲ့ အလှူရှင်တွေရဲ့ကုသိုလ်ကိုလည်း သာဓုခေါ်ရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page
Photo Credit:Khine Hnin Wai’s Fb page

Source&Photo Credit:Khine Hnin Wai’s Fb page

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T