လူငယ်တစ်ယောက်လို ပေါ့ပါးသွက်လက်ပြီး စက်ဘီးတစ်စီးနဲ့ Delivery လိုက်ပို့နေတဲ့ အသက် (၆၈) နှစ်အရွယ်အဘကျော်

//s9.kh1.co/a1/a1b23ebb5fbe0f954aed1fb746a5356374cf15eb.png
နေ့စဉ်သတင်းများ

 ၂၆-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

လတ်တလောမှာစားဝတ်နေရေးကျပ်တည်းမှုကြောင့် ပြည်သူတော်တော်များများဟာ ရရာအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြရပါတယ်။ တိုင်းပြည်မှာ ငွေကြေးရှားပါးလာတာနဲ့အမျှ ဒုစရိုက်မှုတွေ လည်းပိုမိုများပြားလာခဲ့ပါတယ်။ ဘယ်လိုပဲရှားပါးနေပါစေ ဒုစရိုက်မှုတွေမကျူးလွန်ဘဲ သမာအာဇီဝကျကျငွေရှာနေကြသူတွေလည်းမနည်းမနောပါပဲ။ ဒီထဲမှာတော့ အဘကျော်ဆိုသူ Delivery ပို့တဲ့အဘတစ်ယောက်လည်းပါဝင်လာခဲ့ပါတယ်။ အသက် (၆၈) နှစ်ရှိနေပြီဖြစ်ပြီး စက်ဘီးတစ်စီးနဲ့ မနားမနေ Delivery တွေပို့ပေးတာဟာ အဘကျော်အတွက်တော့ ပျော်စရာတစ်ခုလို ဖြစ်နေခဲ့ပါတယ်။

Photo Credit - Daw Julia's FB Acc
Photo Credit - Daw Julia's FB Acc

အသက်အရွယ်ကြီးရင့်နေပေမယ့် လူငယ်တစ်ယောက်လို ပေါ့ပါးဖျတ်လတ်ပြီး စက်ဘီးစီးရတာကိုလည်း ဝါသနာပါသလို ပျော်လည်းပျော်ရွှင်တာမို့ Delivery အလုပ်ဟာ အဘကျော်အတွက်တော့ ဝါသနာနဲ့ ဝမ်းစာတစ်ထပ်တည်းကျတဲ့အလုပ်လို့တောင်ဆိုနိုင်ပါတယ်။ အဘကျော်ကို အမြဲတမ်း way တွေ အပ်ပေးတဲ့ Online Shop အမျိုးသမီးဟာလည်း အဘကျော် way များများရပြီးအဆင်ပြေအောင် အမြဲတမ်းစီစဉ်ပေးဖြစ်တဲ့အကြောင်း သူမရဲ့လူမှုကွန်ယက်ကနေတဆင့် ပြောပြလာခဲ့ပါတယ်။

Photo Credit - Daw Julia's FB Acc
Photo Credit - Daw Julia's FB Acc
Photo Credit - Daw Julia's FB Acc
Photo Credit - Daw Julia's FB Acc

ဒီလိုပြောပြခဲ့ပြီးနောက်မှာတော့ အဘကျော်ကိုလူတွေကပိုသတိထားမိသွားခဲ့ပြီး အဘအတွက် လိုအပ်တာလေးတွေလှူဒါန်းပေးမယ့်သူတွေပေါ်လာသလို အဘကျော်ကို way အပ်ပေးမယ့်သူတွေလည်း ပေါ်လာခဲ့ပါတယ်။ အဘကို way အပ်ချင်တဲ့သူတွေအတွက်လည်း အဘရဲ့ဖုန်းနံပါတ်ဟာ (09792563920) ဖြစ်ကြောင်း ပြောပြပေးခဲ့ပါသေးတယ်။ အခက်အခဲအကျပ်အတည်းတွေဖြစ်နေတဲ့ ကြားထဲက ပြည်သူအချင်းချင်း အခုလိုမေတ္တာ စေတနာထားပြီး ကူညီဖေးမနေတာတွေဟာ ကောင်းမွန်တဲ့အသိုင်းအဝိုင်းတစ်ခုတည်ဆောက်ဖို့ အတွက် လုံလောက်တဲ့အနေအထားတွေပါပဲ။

Photo Credit - Daw Julia's FB Acc
Photo Credit - Daw Julia's FB Acc
Photo Credit - Daw Julia's FB Acc
Photo Credit - Daw Julia's FB Acc

သတင်း အရင်းအမြစ်Daw Julia's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T