အလည်လာရောက်သူတွေရဲ့ အသက်ကိုနှုတ်ယူရာမှာ နာမည်ကြီးတဲ့မြွေကျွန်း

//s9.kh1.co/18/18f0388b122488d9c4f73241033ec49531cbcf91.jpg
ဗဟုသုတအဖြာဖြာ

 ၂၆-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

Snake Island လို့ခေါ်တဲ့ ဒီမြွေကျွန်းလေးကတော့ ဘရာဇီးနိုင်ငံအတွင်းမှာ တည်ရှိနေတဲ့ ကျွန်းလေးတစ်ကျွန်းပဲ ဖြစ်ပါတယ်။

ဒီကျွန်းလေးဟာ ကမ္ဘာပေါ်က အဆိပ်အပြင်းထန်ဆုံးသော မြွေတစ်မျိုးဖြစ်သည့် Bothrops တွေများစွာရှိတာကြောင့် သွားလာဖို့တားမြစ်ခံရထားရတဲ့ ကျွန်းလေးပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=423,q=100/9f/9fb573609101feb0a39bb27fe763d2000411cc6a.jpg

ဒီကျွန်းလေးမှာ ဘယ်လောက်တောင် မြွေပေါသလဲဆိုရင် ကျွန်း၏ တစ်စတုရန်းမီတာနေရာတိုင်းတွင် မြွေငါးကောင်ရှိ တယ်လို့ သိပ္ပံပညာရှင်တွေက ပြောကြားထားပါတယ်။ ဒီကျွန်းလေးပေါ်မှာ မြွေကိုက်ခံရပြီး သေဆုံးသွားတဲ့ လူတွေ အမြောက်အမြားရှိခဲ့ပြီး အဆိုးဆုံးကတော့ ဒီကျွန်းလေးပေါ်မှာ အလုပ်လုပ်နေတဲ့ မီးပြစောင့်ပါ မြွေကိုက်ခံရလို့ သေဆုံးသွားပြီးကတည်းက မီးပြတိုက်မှာ လူထပ်မထားတော့ပဲ အလိုအလျောက် မီးပြသည့် စနစ်ကိုကျင့်သုံးခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=965,q=100/7d/7daaa87ffea9d5a92b54079ab5c81e1af8e01af8.jpg
https://s9.kh1.co/__image/w=650,h=434,q=100/59/593ac10a017a2ab5eccd738a026206407d5c2cc3.jpg

နောက်ပိုင်းမှာတော့ အစိုးရဟာ ဒီကျွန်းလေးပေါ်ကို ဘယ်သူမှ မလာရောက်စေရန် တားမြစ်နယ်မြေပြုလုပ်ထားပြီး ယခုအခါမှာတော့ ကျွန်းလေးဟာ လူသူမရှိတဲ့ တောရိုင်းကြီး တစ်ခုအဖြစ်ရှိလို့နေပါတယ်။

ကျွန်းလေးကတော့ လှပတယ်ဆိုပေမယ့် သွားလာဖို့အတွက်ကတော့ တော်တော်လေးကိုစဥ်းစားပြီမှ သွားသင့်တဲ့ ကျွန်းလေးတစ်ခုပါပဲ။

https://s9.kh1.co/__image/w=650,h=488,q=100/16/163c68c7ee0708741641eaa07c9468da9704c74c.jpeg
https://s9.kh1.co/__image/w=500,h=281,q=100/31/31cc5eb1216a215f2213446af82e45db3b1c6456.jpg

သတင်း အရင်းအမြစ်Wikipedia

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T