အစားအသောက်ရှားပါးလွန်းလို့ မုန့်ဟင်းခါးအလှူရှင်လေး ပေါ်လာတုန်း အားပါးတရစားနေကြတဲ့ PDF လေးတွေရဲ့ ပုံရိပ်တစ်ချို့

//s9.kh1.co/f0/f0cf0a8658391b23c410c716cc74f083398c2082.png
နေ့စဉ်သတင်းများ

 ၂၆-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

အစစအရာရာရှားပါးလွန်းတဲ့ အရပ်ဒေသမှာ ပျော်ရွှင်မှုတွေ လွတ်လပ်မှုတွေအားလုံးကိုစတေးပြီး ပြည်သူ့အောင်ပွဲအတွက် အနစ်နာခံ အပင်ပန်းခံပြီး စွန့်လွှတ်စွန့်စားနေကြတဲ့ PDF လူငယ်လေးတွေဟာ အစားအသောက်ရှားပါးတဲ့ပြဿနာအပြင် အနေအထိုင်ဆင်းရဲတဲ့ အခြေအနေတွေနဲ့လည်း ရင်ဆိုင်နေကြ ရပါတယ်။ ရှိတာလေးနဲ့ဖြစ်သလိုစားသောက်နေထိုင်ပြီး ပင်ပန်းလွန်းတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို အပြင်းအထန်ကြိုးစားနေတဲ့ PDF လေးတွေရဲ့ဘဝဟာ ထင်ထားတာထက်ပိုပြီးခက်ခဲကြမ်းတမ်းလွန်းပါ တယ်။

Photo Credit - Shine Htet Zaw's FB Acc
Photo Credit - Shine Htet Zaw's FB Acc

တခြားလူငယ်တွေကိုပျော်ရွှင်ရတာတွေမရှိဘဲ အသက်စွန့်ပြီး တောထဲသွားကာ ပင်ပန်းလွန်းတဲ့ စစ်ပညာတွေကိုကြိုးကြိုးစားစားသင်ယူနေခဲ့တာပါ။ ဒီနေ့မှာလည်း အလှူရှင်တစ်ယောက်က မုန့်ဟင်းခါး လှူဒါန်းပေးတဲ့အချိန်မှာ မစားရတာကြာတဲ့ အရသာမို့ ခေါင်းမဖော်စတမ်းစားနေကြတဲ့ PDF တွေရဲ့ ပုံရိပ်တွေဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ ဇွန်းမရှိလို့ မုန့်ဟင်းခါးပူပူကို လက်နဲ့အားရပါးရ စားနေကြတဲ့ပုံရိပ်တွေဟာ ဂရုဏာသက်စရာပါ။

Photo Credit - Shine Htet Zaw's FB Acc
Photo Credit - Shine Htet Zaw's FB Acc
Photo Credit - Shine Htet Zaw's FB Acc
Photo Credit - Shine Htet Zaw's FB Acc

အားရပါးရစားနေတဲ့ PDF လေးတွေရဲ့ပုံရိပ်ကိုကြည့်ပြီး ပြည်သူတွေက ဂရုဏာသက်ကြောင်း မှတ်ချက်တွေ အများအပြားပေးခဲ့ကြပါတယ်။ ခက်ခဲပင်ပန်းတဲ့နေ့ရက်တွေကို ရင်ဆိုင်ကျော်ဖြတ်ပြီး ပြည်သူ့အောင်ပွဲအတွက် ကြိုးစားပေးနေကြသူတွေမို့ ကျေးဇူးတင်ကြောင်းတွေလည်း ပြောခဲ့ကြပါသေး တယ်။ မစားရတာကြာပြီဖြစ်တဲ့ အရသာရှိရှိမုန့်ဟင်းခါတစ်ပွဲကို အားရဝမ်းသာနဲ့ စားနေကြပုံတွေဟာ အလှူရှင်တွေကိုရော ပုံရိပ်တွေမြင်တွေ့ရသူတွေအတွက်ပါ တကယ်ကို ပီတိဖြစ်စရာကောင်းလွန်းပါတယ်။

Photo Credit - Shine Htet Zaw's FB Acc
Photo Credit - Shine Htet Zaw's FB Acc

သတင်း အရင်းအမြစ်Shine Htet Zaw's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T