လက်နက်ကြီးတွေနဲ့ ကျေးရွာအတွင်း ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် ရစရာမရှိအောင် ထိမှန်ပျက်စီးခဲ့ရတဲ့ ဒီးမော့ဆိုမြို့က လူနေအိမ်တချို့

//s9.kh1.co/ef/ef5ed51d98e5603cf73484cd726c8bc751402859.jpg
နေ့စဉ်သတင်းများ

 ၂၆-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလော ကယားပြည်နယ်အတွင်းက ဒီးမော့ဆိုမြို့နယ်မှာ တပ်ပေါင်းစု ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အာဏာရှင်လူတစ်စု တို့အကြား တစ်ကျော့ပြန် ထိတွေ့တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာခဲ့ပါတယ်။ အာဏာရှင်လူတစ်စုဘက်က မြို့နယ်အတွင်း အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်မှုတွေ ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ဒေသခံပြည်သူတွေကတော့ ဘေးလွတ်ရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကြားသိရပါတယ်။

Photo Credit - PKPF
Photo Credit - PKPF
Photo Credit - PKPF
Photo Credit - PKPF
Photo Credit - PKPF
Photo Credit - PKPF

စက်တင်ဘာလ (၂၅) ရက် ယမန်နေ့ကလည်း ဒီးမော့ဆိုမြို့နယ်၊ကုန်းသာကျေးရွာ၊ သေးဆူလဲကျေးရွာနှင့် ကျောက်ဆည်ကန်တို့မှာ မနက် (၈း၄၅) မှ ညနေ (၇း၀၀) နာရီအထိ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ တိုက်ပွဲမှာလည်း တပ်ပေါင်းစုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘောတစ်ဦး ကျဆုံးခဲ့ကြောင်း PKPF က ဖော်ပြထားတာ တွေ့ရပါတယ်။

Photo Credit - PKPF
Photo Credit - PKPF
Photo Credit - PKPF
Photo Credit - PKPF

ယခုမှာလည်း ဒီးမောဆိုမြို့က စိတ်မကောင်းစရာ မြင်ကွင်းတချို့ကို PKPF က ဖော်ပြလာခဲ့ပါတယ်။ ဒါကတော့ ယမန်နေ့က တိုက်ပွဲဖြစ်ပွားချိန်မှာ အာဏာရှင်လူတစ်စုဘက်ကနေ လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်မှုကြောင့် သေးဆူလဲရွာက လူနေအိမ်တချို့ ထိမှန်ပြီး ရစရာမရှိအောင် ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အာဏာရှင်တပ်တွေက ကုန်းသာ ကျေးရွာနှင့် သေးဆူလဲကျေးရွာတွေမှာ ဝင်ရောက်တပ်စွဲထားပြီး ထိုကျေးရွားများအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်စီးခဲ့ကြောင်း PKPF ရဲ့ ထုပ်ပြန်ချက်မှာ တွေ့ရပါတယ်။

Photo Credit - PKPF
Photo Credit - PKPF
Photo Credit - PKPF
Photo Credit - PKPF

သတင်း အရင်းအမြစ်Source - PKPF

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T