ရှုခင်းလေးလှတယ်ဆိုပေမယ့် လာရောက်သူတွေရဲ့အသက်ကိုပါ နှုတ်ယူနိုင်တဲ့ သဲကန္တာရ

//s9.kh1.co/00/00737eb4eee59243f9304ceb9f6c5e25cef67d09.jpg
ဗဟုသုတအဖြာဖြာ

 ၂၆-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

Danakil desert လို့ခေါ်တဲ့ သဲကန္တာရကတော့ အာဖရိကတိုက်ထဲမှာရှိတဲ့ သဲကန္တာတစ်ခုပဲ ဖြစ်ပါတယ်။

အာဖရိကတိုက်ထဲမှာ သဲကန္တာရတွေများစွာရှိပေမယ့်လည်း Danakil desert ဟာအခြားသော သဲကန္တာရတွေနဲ့မတူပဲ တော်တော်လေးကို ထူးခြားနေတဲ့ သဲကန္တာရတစ်ခုပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=450,q=100/66/66d1e642723dce987dd1bc55e77778f519de5511.jpg

ဒီသဲကန္တာရာဟာ ပုံမှန်ကြည့်လိုက်ရင် အတော်လေးကို လှပပြီး မျက်လုံးထဲမြင်ရတာ ထူးဆန်းတယ်လို့ ထင်ရပေမယ့်လည်း တော်တော်လေးကို အန္တရာယ်များတဲ့ သဲကန္တာရတစ်ခုပဲ ဖြစ်ပါတယ်။

အန္တရာယ်များရတဲ့အကြောင်းရင်းကတော့ အနီးနားမှာရှိတဲ့ မီးတောင်နဲ့ ချော်ရည်တွေကနေထွက်ရှိလာတဲ့ အခိုးအငွေ့တွေဟာ သဲကန္တာရတအနီးနားမှာ ပျံ့နှံ့နေတာကြောင့်ပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=413,q=100/52/527f9f0f8a8193a2e29841662f97c7106ebdb033.jpg
https://s9.kh1.co/__image/w=600,h=398,q=100/af/af8282f8ba30f6da3c149a2ce8f669fdf7e8f160.jpg

ရှုခင်းလေးလှတယ်ဆိုပီး အနားသွားကြည့်လို့ကတော့ အဆိပ်ငွေ့တွေရှုမိပြီး အသက်ဆုံးရှုံးသွားစေနိုင်ပါတယ်။ ဒါ့ကြောင့် ဒီသဲကန္တာရအနားသွားမယ်ဆိုရင် ဓာတ်ငွေ့ကာ မျက်နှာဖုံးဝတ်မှ အဆင်ပြေနိုင်မှာပဲ ဖြစ်ပါတယ်။ တချို့သော သူတွေရဲ့စကားအရ လေယာဉ်တွေတောင် ဒီနေရာရောက်ရင် ပျက်ကျကုန်ကြတယ်လို့တောင် ပြောကြပါတယ်။ သာမန်အခြေအနေမျိုးမှာတောင် ဒီသဲကန္တာရရဲ့ အပူချိန်ဟာ 50 ံC ရှိပြီး သေမင်းတမန် နေရာလို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။

https://s9.kh1.co/__image/w=600,h=454,q=100/b6/b61abf6c94fd7ff4e6726b6addc1088a90bb9f53.jpg
https://s9.kh1.co/__image/w=600,h=280,q=100/a6/a62a8612120c9bf0766a35ae92e8802f419980fa.jpg

သတင်း အရင်းအမြစ်Wikipedia

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T