ဒီမိုကရေစီပြန်လည်ရရှိဖို့ ပြည်သူတွေကတော့ အာဏာရှင်လူတစ်စုကို ယနေ့အချိန်ထိ ဆန့်ကျင်နေကြသလို တော်လှန်ရေးကြီး အောင်မြင်ဖို့အတွက် PDF ရဲဘော်တွေက လွတ်မြောက်နယ်မြေတွေမှာ စစ်ပညာကို ပင်ပင်ပန်းပန်းနဲ့ သင်ယူနေကြတာ တွေ့ရပါတယ်။ စိတ်အားထက်သန်တဲ့ PDF ရဲဘော်လေးတွေကလည်း တိုင်းရင်းသားတပ်မတော်တွေနဲ့ အတူလက်တွဲပြီး အခက်အခဲတွေကြားထဲကနေ စစ်ရေးအတွက် အကောင်းဆုံးကြိုးစား ပြင်ဆင်နေကြတာဖြစ်ပါတယ်။
တောထဲတောင်ထဲမှာ အနေအထိုင်၊အစားအသောက်တွေ ဆင်းရဲကြပေမယ့် ပြည်သူ့အောင်ပွဲအတွက် အနစ်နာခံပြီး ခက်ခဲကြမ်းတမ်းစွာ လျှောက်လှမ်းနေကြတာ ဖြစ်ပါတယ်။ ယခုမှာတော့ လွတ်မြောက်နယ်မြေတစ်နေရာက တော်လှန်ရေးကြီးအောင်မြင်ဖို့ အတွက် ကြိုးပမ်းနေကြတဲ့ PDF ရဲဘော်တချို့က သူတို့ရဲ့ နေထိုင်စားသောက်ရတဲ့ အခြေအနေလေးတွေကို ရိုက်ပြလာခဲ့တာ တွေ့ရပါတယ်။
ရုပ်ပုံတွေမှာတော့ PDF ရဲဘော်တွေဟာ ခဏတာ ဆာလောင်မှုကို ဖြေဖျောက်ဖို့အတွက် တောထဲမှာရှိတဲ့ အသီးအရွက်တွေနဲ့ပဲ အဆင်ပြေသလို ချက်ပြုတ်စားသောက်နေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် တာလပတ်လေးတွေ မိုးကာပြီး နေထိုင်နေရတဲ့ မြင်ကွင်းတွေကတော့ တကယ့်ကို စိတ်မကောင်းဖြစ်ရပါတယ်။ ပင်ပန်းကြီးစွာ နေထိုင်စားသောက်ပြီး တော်လှန်ရေးကြီးအတွက် အနစ်နာခံနေကြတဲ့ ဖယ်ခုံ PDF တွေရဲ့ လက်ရှိအခြေအနေလေးတွေကို ဖော်ပြပေးရင်း ပရိသတ်တွေကလည်း ဂုဏ်ပြုစကားလေးတွေ ပြောပေးခဲ့ပါဦးနော်...။
သတင်း အရင်းအမြစ်៖ Source - PDF