ရဲရဲရင့်ရင့်နဲ့ ရှေ့တန်းစစ်မျက်နှာပြင်မှာ တိုက်ပွဲဆင်နွှဲနေကြတဲ့ ပြည်သူ့ရဲဘော်တွေ မကျဆုံးရေးအတွက် ဆုတောင်းပေးနေကြတဲ့ KNDFတပ်ဖွဲ့ဝင်များ

//s9.kh1.co/1f/1fb46b63b36d740e80752ac50444324de4dc9ecc.jpg
နေ့စဉ်သတင်းများ

 ၂၆-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ရဲရဲရင့်ရင့်နဲ့ ရှေ့တန်းစစ်မျက်နှာပြင်မှာ တိုက်ပွဲဆင်နွှဲနေကြတဲ့ ပြည်သူ့ရဲဘော်တွေ မကျဆုံးရေးအတွက် ဆုတောင်းပေးနေကြတဲ့ KNDFတပ်ဖွဲ့ဝင်များ

တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ ရရာလက်နက်တွေနဲ့ ရန်သူကို တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ ပြည်သူတွေအတွက် အသက်ကိုတောင်စွန့်ပြီး တိုက်ပွဲတွေ ဆင်နွှဲနေကြတာပဲ ဖြစ်ပါတယ်။ ဒီးမော့ဆိုမြို့နယ်မှာလည်း ကရင်နီ တပ်မတော် (KA)၊ KNDF နှင့် ဒီးမော့ဆို PDF တို့ ပူးပေါင်းပြီး ရန်သူကို တိုက်ထုတ်နေခဲ့တာကြောင့် တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ယခုမှာတော့ နောက်တန်းတစ်နေရာမှာ ကျန်ရစ်နေခဲ့တဲ့ KNDFတပ်ဖွဲ့ဝင်တွေဟာ ဆုတောင်းမေတ္တာပို့သပေးမှုတွေ ပြုလုပ်နေကြပါတယ်။ နောက်တန်းမှာကျန်ရစ်ခဲ့တဲ့ KNDFတပ်ဖွဲ့ဝင်တွေကတော့ ရှေ့တန်းစစ်မျက်နှာပြင်ကို ရောက်ရှိနေတဲ့ ပြည်သူ့ရဲဘော်တွေ မကျဆုံးရေးအတွက် ဆုတောင်းပေးနေခဲ့ပါတယ်။ ရှေ့တန်းတစ်နေရာမှာ ရန်သူကို အပြင်းအထန်တိုက်ခိုက်ချေမှုန်းနေကြတဲ့ ပြည်သူ့ရဲဘော်တွေအားလုံး အသက်ဘေးအန္တရာယ်ကနေ လွတ်မြောက်ပြီး ဘေးကင်းကြစေဖို့ ယခုလိုKNDFတပ်ဖွဲ့ဝင်တွေက ဆုတောင်းပေးနေခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

KNDFတပ်ဖွဲ့ဝင်တွေကတော့ "အိုအဖဘုရား ရှေ့တန်းရောက်နေသော ပြည်သူ့ဘက်တော်သားများအားလုံးကို ကာကွယ်စောင့်ရှောက်ပေးသနားတော်မူပါ " ဆိုပြီး ဆုတောင်းပေးနေခဲ့တာပဲ ဖြစ်ပါတယ်။ ပြည်သူတွေကလည်း အသက်ကိုတောင်စွန့်ပြီး တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့ရဲဘော် အကျအဆုံးမရှိစေဖို့ ဆုတောင်းပေးမှုတွေ ပြုလုပ်နေကြပါတယ်။ ပြည်သူ့ရဲဘော်တွေ ဘေးကင်းကြစေဖို့ နောက်တန်းတစ်နေရာကနေ ဆုတောင်းပေး​နေကြတဲ့ KNDFတပ်ဖွဲ့ဝင်တွေရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T