အလှူပွဲကိုလာရောက်ကြတဲ့ ဒါယကာ၊ဒါယိကာမတွေအတွက် ပိုက်ဆံတွေကြဲချပြီး ရွှေမိုးငွေမိုးရွာပေးခဲ့တဲ့ မြောက်ဦးဆရာတော်ရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/e9/e9818efbda1b64ba6367d9a9d4400a2d380e2d16.jpg
နေ့စဉ်သတင်းများ

 ၂၅-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

အလှူပွဲကိုလာရောက်ကြတဲ့ ဒါယကာ၊ဒါယိကာမတွေအတွက် ပိုက်ဆံတွေကြဲချပြီး ရွှေမိုးငွေမိုးရွာပေးခဲ့တဲ့ မြောက်ဦးဆရာတော်ရဲ့ဗီဒီယိုဖိုင်

မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒကတော့ လာမယ့်တော်သလင်းလပြည့်ကျော် (၆)ရက်နေ့၊ (၂၆-၉-၂၀၂၁) တနင်္ဂနွေနေ့မှာ သက်တော် (၆၂)နှစ်ပြည့်မှာ ဖြစ်ပါတယ် ။ ဒီနှစ်မှာ မြောက်ဦးဆရာတော်က ဝိဇာတမွေးနေ့ အထိမ်းအမှတ်အဖြစ် အသံမစဲပဋ္ဌာန်းတရားတော် ပူဇော်ပွဲကိုလည်း ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ် ။ မြောက်ဦးဆရာတော်က ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီတောရကျောင်းက ဆရာတော်တစ်ပါး ဖြစ်ပါတယ်။

Photo Credit-"မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ" FB Page
Photo Credit-"မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ" FB Page
Photo Credit-"မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ" FB Page
Photo Credit-"မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ" FB Page

မြောက်ဦးဆရာတော်က သက်တော်(၆၂)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဆုတောင်းပြည့် အဓိဌာန်အောင် လျောင်းတော်မူဘုရားကြီးကိုလည်း တည်ထားနေတာ ဖြစ်ပါတယ်။ ဒါယကာ၊ဒါယိကာမတွေကလည်း ဆရာတော်ရဲ့ကုသိုလ်ကို တတ်နိုင်သလောက် ပါရမီဖြည့်ပေးနေကြတာ ဖြစ်ပါတယ် ။ ဒီနေ့မှာဆိုရင်လည်း ဆရာတော်ရဲ့မွေးနေ့အကြိုအဖြစ် မအီမြို့ရှိ ကျောင်းဝန်းထဲမှာ စတုဒီသာအလှူပွဲကို စည်ကားသိုက်မြိုက်စွာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-"မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ" FB Page
Photo Credit-"မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ" FB Page
Photo Credit-"မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ" FB Page
Photo Credit-"မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ" FB Page

ဒီပွဲကိုလာရောက်ကြတဲ့ ဒါယကာ၊ဒါယိကာမတွေကို မြောက်ဦးဆရာတော်က ပိုက်ဆံတွေကြဲပြီး အလှူပေးခဲ့တာလည်း ဖြစ်ပါတယ် ။ ဆရာတော်ဘုရားကိုယ်တိုင် ပိုက်ဆံကြဲပေးခဲ့တာဖြစ်ပြီးဒါယကာ၊ဒါယိကာမတွေကလည်း အလှူမှာ ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ် ။ မွေးနေ့မတိုင်ခင်တစ်ရက်မှာ စတုဒီသာအလှူကိုလာရောက်ကြတဲ့ ဒါယကာ၊ဒါယိကာမတွေအတွက် ရွှေမိုးငွေမိုးရွာသွန်းပေးခဲ့တဲ့ မြောက်ဦးဆရာတော်ရဲ့ဗီဒီယိုဖိုင်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source & Video Credit-"မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ" FB Page

Photo Credit-"မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ" FB Page
Photo Credit-"မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ" FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T