သဘာ၀တရားရိပ်သာမှ ဆရာတော်ဘုရားကြီးနေအိမ်သို့ကြွရောက်လာတဲ့အတွက် လှူဖွယ်ပစ္စည်းတွေ လှူဒါန်းခဲ့တဲ့မိုးဟေကိုရဲ့ဗီဒီယို

//s9.kh1.co/60/60a3072490fb7213e2f991e24fc99ac7f64d734d.jpg
အနုပညာရှင်များ

 ၂၅-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

မိုးလို့ အများက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချော မိုးဟေကိုကတော့ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်သလို မိဘအပေါ်မှာလည်း သိတတ်ရိုသေသူပဲ ဖြစ်ပါတယ်.....။ မိုးဟေကိုဟာ မိခင်ဖြစ်သူနာမကျန်းဖြစ်စဉ်မှာလည်း အနီးကပ်တောက်လျှောက်ပြုစုပေးခဲ့တာဖြစ်ပြီး မိခင်ရဲ့နောက်ဆုံးခရီးမှာလည်း သမီးတစ်ယောက်အနေနဲ့ တာ၀န်ကျေခဲ့သူလည်းဖြစ်ပါတယ် ။

Photo credit-Original Uploader
Photo credit-Original Uploader

မိုးဟေကိုဟာ ဘာသာတရားဘက်မှာလည်းကိုင်းရှိုင်းသူဖြစ်တာကြောင့် မကြာခဏဆိုသလိုလည်း အလှူဒါနတွေပြုလုပ်လေ့ရှိသူပါ ။ ဒီကနေ့မှာဆိုရင်လည်း သဘာ၀တရားရိပ်သာမှ ဆရာတော်ဘုရားကြီးနဲ့ သီလရှင်ဆရာလေးတွေအပါအ၀င် မိုးဟေကိုရဲ့နေအိမ်ကိုဆွမ်းခံကြွလာတာကြောင့် မိုးဟေကိုဟာလှူဖွယ်ပစ္စည်းတွေနဲ့ ဆွမ်းလောင်းလှူခဲ့တာဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

မိုးဟေကိုနဲ့အတူ ဖခင်ဖြစ်သူကလည်းဆွမ်းလောင်းလှူဒါန်းခဲ့ပြီး သဘာ၀တရားရိပ်သာမှဆရာတော်ဘုရားကြီးရဲ့ ဆုံးမစကားတွေနာယူရင်း မိခင်ဖြစ်သူရဲ့သုံးလပြည့်အတွက်ပါ အလှူလေးပြုလုပ်ခဲ့တာဖြစ်ပါတယ် ။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်36 Myanmar's Facebook page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T