အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် PDF Demoso၊ KNDF နဲ့ K.A တို့ပူးပေါင်းပြီး တိုက်ခိုက်နေရတဲ့ ဒီးမော့ဆိုတိုက်ပွဲ‌ရဲ့လက်ရှိအခြေအနေ

//s9.kh1.co/5e/5ef14431a8382c7e9a470b524ee62a0bdb7e59de.jpg
နေ့စဉ်သတင်းများ

 ၂၅-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် PDF Demoso၊ KNDF နဲ့ K.A တို့ပူးပေါင်းပြီး တိုက်ခိုက်နေရတဲ့ ဒီးမော့ဆိုတိုက်ပွဲ‌ရဲ့လက်ရှိအခြေအနေ

ကယားပြည်နယ်ရှိ ဒီးမော့ဆိုမြို့နယ်မှာတော့ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး အခုချိန်အထိ မငြိမ်မသက်ဖြစ်နေတာ ဖြစ်ပါတယ် ။ အထူးသဖြင့် ဒီးမော့ဆိုမြို့နယ်ရှိ (၆)မိုင်၊ ဒေါငံခါးစတဲ့ဒေသတွေမှာ တိုက်ပွဲတွေ အများဆုံးဖြစ်ပွားလေ့ရှိတာ ဖြစ်ပါတယ် ။ ယနေ့စက်တင်ဘာလ (၂၅) ရက်နေ့မှာဆိုရင်လည်း ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာကို အာဏာသိမ်းလက်နက်ကိုင်အဖွဲ့က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ဝင်ရောက်လာတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-" ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်" FB Page
Photo Credit-" ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်" FB Page

စစ်အင်အား (၂၀၀)ခန့်နဲ့ ထိုးစစ်ဆင်လာတာကြောင့် ဒီးမော့ဆိုမြို့နယ်ရှိ PDF တပ်ဖွဲ့က KNDF၊ K.A တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး တိုက်ခိုက်နေရတာ ဖြစ်ပါတယ်။ ယနေ့မနက် (၉)နာရီဝန်းကျင်ကတည်းက ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာ၊သေးဆူလဲကျေးရွာမှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ အခုချိန်အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး အာဏာသိမ်းလက်နက်ကိုင်အဖွဲ့ဘက်က လက်နက်ကြီးတွေနဲ့ တိုက်ခိုက်လာတာ ဖြစ်ပါတယ် ။

Photo Credit-" ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်" FB Page
Photo Credit-" ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်" FB Page
Photo Credit-Original Uploader
Photo Credit-Original Uploader

အာဏာသိမ်းတပ်ဖွဲ့ဘက်က ပြည်သူတွေရဲ့နေအိမ်တွေကို အကာအကွယ်ယူပြီး တိုက်ခိုက်နေတဲ့အပြင် တာဝေးပစ်ကျည်တွေကိုပါ အသုံးပြုလာကြောင်း ဒီးမော့ဆိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။ အခုချိန်အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်နေတာကြောင့် နှစ်ဖက်ကျဆုံးမှုအခြေအနေကို အတိအကျ မသိရသေးတာလည်း ဖြစ်ပါတယ် ။ ယနေ့မနက်ကတည်းက ဖြစ်ပွားနေတဲ့ ဒီးမော့ဆိုမြို့နယ်တိုက်ပွဲက ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit-" ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်" FB Page

Photo Credit-" ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်" FB Page
Photo Credit-" ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်" FB Page
Photo Credit-" ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်" FB Page
Photo Credit-" ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်" FB Page
Photo Credit-"ဒီးမော့ဆို Generation Z" FB Page
Photo Credit-"ဒီးမော့ဆို Generation Z" FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T