မုံရွာတွင် စစ်ဘေးရှောင်များကို ဆေးကုပေးနေတဲ့ ဆရာဝန်အပါအဝင် ၃ ဦးဖမ်းဆီးခံရ

//s9.kh1.co/bb/bb27678b486a8577dde683b3a1ca1ec19b4639cc.jpg
နေ့စဉ်သတင်းများ

 ၂၅-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

စစ်ဘေးဒုက္ခ ကြုံနေရသူတွေကို အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ အဖွဲ့ဖြစ်ကြောင်း

စစ်ဘေးရှောင်ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ Chindwin Medical Network အဖွဲ့မှ ဒေါက်တာဇော်ထွယ်အောင် အပါအဝင် မုံရွာမြို့နေ အမျိုးသားသုံးဦးကို စက်တင်ဘာ (၂၄)ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိပါတယ်။

မုံရွာမြို့ ချမ်းမြဝတီရပ်ကွက်၊ ပါရမီလမ်းရှိ မနောဥယျာဥ် ကချင်ရိုးရာ စားသောက်ဆိုင်မှာ ဒေါက်တာဇော်ထွယ်အောင် နဲ့ အမျိုးသားနှစ်ဦးကို ဖမ်းဆီးသွားတာလို့ ဒေသခံတွေဆီက သိရပါတယ်။

Photo Credit : CMN
Photo Credit : CMN

Chindwin Medical Network အဖွဲ့ကို မေလအတွင်းက စတင်ဖွဲ့စည်းခဲ့ပြီး ဒေါက်တာဇော်ထွယ်အောင်ဟာ စစ်ကိုင်းတိုင်းအတွင်းမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ဘေးဒုက္ခ ကြုံနေရသူတွေကို အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ အဖွဲ့ဖြစ်ကြောင်း နီးစပ်သူများက ပြောပါတယ်။

ဖေဖော်ဝါရီလ (၁)ရက်မှ ဇူလိုင်လ တတိယအပတ်အထိ မြန်မာနိုင်ငံအတွင်း ဖမ်းဆီးခံရတဲ့ဆရာဝန်၊ သူနာပြုများအပါအဝင် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပုဂ္ဂိုလ် (၆၇)ဦး ရှိနေပြီး ဆေးကျောင်းသား (၂၂၁)ဦး ဖမ်းဆီးခံခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားတယ်။

Source : MFP

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T